Skip to main content

Jul 02, 2022

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေဒေသအတွင်း၌ လုံခြုံရေးနှင့်နယ်မြေစိုးမိုးရေး တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများအတွက် ဇွန် ၃၀ ရက်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟိုက စားသောက်ဖွယ်ရာ ၁၁ မျိုးကို အရှေ့တောင်တိုင်းစစ် ဌာနချုပ်သို့ သွားရောက်ဂုဏ်ပြုချီးမြှင့်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 02, 2022

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 02, 2022

မြန်မာနိုင်ငံပြန်တမ်း

ဆက်လက်ဖတ်ရှုရန်

Jul 02, 2022

မြန်မာနိုင်ငံတွင် အကြမ်းဖက် အဖွဲ့များဖြစ်သည့် CRPH နှင့် NUG နိုင်ငံရေး အစွန်းရောက်သမားများ၏ သွေးထိုးလှုံ့ဆော် ထောက်ပံ့ မြှောက်ပင့်ပေးမှုများကြောင့် ပြည်တွင်းမှ PDF အမည်ခံ အကြမ်းဖက်သမားများက တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် လူငယ်လူရွယ်များ၏ အနာဂတ်အား ဖျက်ဆီးနေကြသည်ကို တွေ့ကြရမည် ဖြစ်သည်။ ယခုရက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားမဲ့စွာဖြင့် တိုက်ခိုက် နှောင့်ယှက်မှုကြောင့် အပြစ်မဲ့ပြည်သူများ စိုးရိမ်ထိတ်လန့် ဖြစ်ကြပြီး ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 02, 2022

မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်မှာ အမျိုးသမီးများ ဖြစ်သည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံပြီး ခန့်မှန်းတွက်ချက်မှုအရ ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ခန့်မှန်းလူဦးရေ စုစုပေါင်း ၅၅ ဒသမ ၁ သန်းခန့်ရှိပြီး အမျိုးသားဦးရေ၂၆ ဒသမ ၄ သန်းခန့်နှင့် အမျိုးသမီးဦးရေ ၂၈ ဒသမ ၇ သန်းခန့်ရှိသည်ဟု ခန့်မှန်းထားရာ အမျိုးသမီးဦးရေက နိုင်ငံ့လူဦးရေ၏ ၅၂ ဒသမ ၁၃ ရာခိုင်နှုန်း ရှိနေသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

၁။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ၂၀၂၂ ခုနှစ်၊ မေလ ၂၇ ရက်မှ ဇွန်လ ၁၁ ရက်အထိ ကျင်းပခဲ့သည့် အကြိမ်(၁၁၀)မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံကာလအတွင်း မြန်မာနိုင်ငံ၏ ပါဝင်တက်ရောက်မှုမရှိဘဲ အိုင်အယ်လ်အိုအုပ်ချုပ်မှုအဖွဲ့နှင့် စံနှုန်းများ လိုက်နာဆောင်ရွက်ခြင်းဆိုင်ရာကော်မတီတို့မှ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်ဆုံးဖြတ်ချက်များနှင့် နိဂုံးချုပ်မှတ်ချက်များအသီးသီးချမှတ်ခဲ့သည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

ရန်ကုန်မြို့နှင့်မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး H.E.Mr. Prak Sokhonn နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(၇)ဖွဲ့တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနအစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံတော်နှင့် တပ်မတော်အဆင့် ပြည်တွင်း၊ ပြည်ပ အစည်းအဝေးများနှင့် ဆွေးနွေးပွဲများ၊ နိုင်ငံတော်၏ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့် NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကိုလည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက်ပွဲ ကော်မရှင်ဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း အသီးသီး ရှင်းလင်း ပြောကြားကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများအားလုံး လုံခြုံမှု ပြည့်ဝစွာဖြင့် မိမိတို့၏ လူမှုစီးပွားဘ၀အား လွတ်လပ်စွာ ဆောင်ရွက်နိုင်စေရေးအတွက် လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများအား အမြဲမပြတ်ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဆောင်ရွက်လျက် ရှိရာတွင်ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေဒေသအတွင်း ဥကရစ်ထ စစ်ဆင်ရေး ခြေကုပ်စခန်း၌ တာဝန်ထမ်းဆောင်နေသည့် မြန်မာ့တပ်မတော် စစ်ကြောင်းအား KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက သာလွန်အင်အား အများအပြားအသုံးပြု၍ ဇွန်လ ၂၆ ရက်နေ့မှစတင်၍ အကြိမ်ကြိမ် လာရောက် တိုက်ခိုက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်ရှိ Naypyitaw State Academy(NSA) တည်ဆောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

နယ်စပ်ဒေသအသီးသီးနှင့် အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်း ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များအား နယ်စပ်ကြိုဆိုရေးစခန်းအသီးသီးနှင့် နီးစပ်ရာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းအသီးသီးသို့ ဆက်သွယ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ကြောင်းနှင့် ယင်းသို့ သတင်းပို့ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားကြောင်း သိရှိရသည်။ ကြေညာချက် အပြည့်အစုံမှာ -

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E. Mr. Prak Sokhonn ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မစ္စတာပရပ်ဆုတ်ခွန်းသည် ယနေ့ညနေပိုင်းတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲ ၁ နာရီတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၁-၂၀၂၂ ခု ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုသည့်အခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ နီလာခန်းမ၌ ကျင်းပသော လုပ်ငန်းဗီဇာနှင့် ကမ္ဘာလှည့်ဗီဇာတို့ဖြင့် ခရီးသွားဧည့်သည်များ ပိုမိုလာရောက်ရေးနှင့် လိုအပ်သည်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်တွင် ရုံးအမှတ်(၁)ရှိ သတ်မှတ်နေရာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ၂၀၂၂ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စုပေါင်းအစည်းအ ဝေးခန်းမ၌ ကိုဗစ်−၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်