Skip to main content

ပြည်တွင်းထုတ် အဝတ်အထည်များကို ပြည်သူလူထု ပိုမိုသုံးစွဲလာနိုင်ရေးအတွက် ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန်သည့် အဝတ်အထည်များ ထုတ်လုပ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်

နေပြည်တော်    ဒီဇင်ဘာ   ၁၁

စက်မှုဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ရှိ အမှတ်()အထည်စက်ရုံ (ရွှေတောင်) စက်ရုံခန်းမသို့ရောက်ရှိရာ စက်ရုံမှူးက လုပ်ငန်းလည်ပတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အဝတ်အထည်ထုတ်လုပ်မှုနှင့် ပတ်သက်သည့် ခေတ်မီနည်း ပညာများရရှိရေး၊ ရှိပြီးနည်းပညာများ ဆင့်ပွားသင်တန်းများပေးရေး၊ ဝန်ထမ်းများ၏ ကျွမ်းကျင် တတ်မြောက်ထားသော ပညာရပ်များကို အကျိုးရှိရှိ အသုံးပြုနိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီမံချက်ရေးဆွဲဆောင်ရွက်ရေး၊ ဝန်ကြီးဌာနများမှ မှာယူထားသည့် အထည်များကို အချိန်မီထုတ်လုပ်ပေးနိုင်ရေးနှင့် အရည်အသွေးစစ်ဆေးရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရေး၊ မီးဘေးအန္တရာယ်ကာကွယ်ရေး စီမံချက်ရေးဆွဲပြီး မီးငြှိမ်းသတ်သည့် အထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာ ဖြည့်ဆည်းထားရေးတို့ကို မှာကြားသည်။

ယမန်နေ့ ညပိုင်းကလည်း ပြည်ထောင်စုဝန်ကြီး သည် အမှတ်()အထည်စက်ရုံ (ရွှေတောင်)သို့ သွားရောက်ပြီး အမှတ်() အကြီးစားစက်မှုလုပ်ငန်း နှင့် ဂျပန်နိုင်ငံ Tsuyatomo Co., Ltd  တို့ ဖက်စပ် ကုမ္ပဏီထူထောင်၍ အထည်ဆေးဆိုးခြင်း ဆောင် ရွက်ရန်အတွက် စက်ပစ္စည်းများ တပ်ဆင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ပစ္စည်းများ ထိန်းသိမ်းပြုပြင်ခြင်း၊ ကိုင်တွယ်မောင်းနှင်ခြင်း၊ ဆေးဆိုးသည့် နည်းပညာများရရှိရေး လေ့လာသင်ယူရန်၊ ပြည်တွင်းထုတ် အဝတ်အထည်များကို ပြည်သူလူထု ပိုမိုသုံးစွဲလာနိုင်ရေးအတွက် ဈေးနှုန်းချိုသာပြီး အရည်အသွေး ကောင်းမွန်သည့် အဝတ် အထည်များ ထုတ်လုပ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန်၊ အဝတ်အထည်များ မြန်မြန်ဆန်ဆန် ထုတ်လုပ်နိုင်ရေးအတွက် စက်တပ်ဆင်ရေးလုပ်ငန်းများကို လျင်မြန်စွာ ဆောင်ရွက်ရန်၊ ခေတ်မီပြီး အများပြည်သူ စိတ်ဝင်စားမှုရှိသည့် ပန်းရိုက်ထည်များ ထုတ်လုပ်နိုင်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်