Skip to main content

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အကြိမ်(၃၀)မြောက် ပုလဲရတု နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကျင်းပ

ရန်ကုန်  ဒီဇင်ဘာ  ၁၁

မြန်မာနိုင်ငံ  ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်း၏ အကြိမ်(၃၀)မြောက် နှစ်ပတ်လည် ပုလဲရတု၏  အသင်းသားစုံညီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်းနှင့် အသင်းဝင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

စုံညီအစည်းအဝေးတွင် သဘာပတိအသင်းဥက္ကဋ္ဌ ဦးဆန်းလင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးတို့က အမှာစကား ပြောကြားကြသည်။

ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ  ဦးသိန်းဟန်တို့က အမှာစကားပြောကြားပြီး ၂၀၂၁ ခုနှစ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ နှစ်ချုပ်အစီရင်ခံစာကို မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ အထွေထွေအတွင်းရေးမှူး ဦးပိုင်ဖြိုးသန့် က ဖတ်ကြားရှင်းလင်း တင်ပြသည်။

ယင်းနောက် ၂၀၂၁ ခုနှစ် နှစ်ချုပ်စာရင်း အစီရင်ခံစာကို ငွေအဉ္စလီ Audit Farm ပြင်ပ စာရင်းစစ်    ဒေါ်သီတာဝင်း က ဖတ်ကြားအတည်ပြုပြီး အကြိမ် (၃၀)မြောက် အသင်းသားစုံညီအစည်းအဝေး၏   သဘာပတိ ဦးဆန်းလင်း က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်