May 30, 2023
၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
May 30, 2023
ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စားသောက်ရေး အဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက ယနေ့တွင် စစ်တွေမြို့ ဦးဥတ္တမပန်းခြံ၌ ဟင်းသီးဟင်းရွက်များ၊ ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် တပ်မတော် စက်ရုံများမှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကစ်နှင့် စည်သွတ်ဘူးများဖြစ်သည့် အမဲသားဘူး၊ မျှစ်စားတော်ပဲဘူး၊ ကြက်သားအာလူးဘူး၊ ငါးတန်အချိုပေါင်းဘူး၊ ငါးသလောက်ဘူး၊ ငါးပိကြော်ဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းဘူး၊ သရက်သီးသနပ်ဘူး စသည့်စားသောက်ကုန်ပစ္စည်း များကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူ များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက တစ်ခဲနက်ဝယ်ယူခဲ့ကြကြောင်းနှင့် ယခုကဲ့သို့ စားရေး အခက်အခဲဖြစ်ပေါ်နေ ချိန်တွင်သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးမှုအပေါ် တာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားကြသည်။
May 30, 2023
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
May 30, 2023
မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင် ပူးပေါင်းတင်ဆက်မှုဖြင့် ရန်ပုံငွေပဒေသာ ဖျော်ဖြေပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ဌာနဆိုင်ရာများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ကျင်းပသည်။
May 30, 2023
ကျန်းမာရေးဝန်ကြီးဌာန၏ (၂၀၂၃) ခုနှစ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက hybrid စနစ်ဖြင့် ကျင်းပသည်။
May 30, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန် ပေးထားပြီးဖြစ်သည်။
May 30, 2023
ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးသင့်ပြည်သူများအား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဆေးဝန်ထမ်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ အထူးဆေးအဖွဲ့များ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
May 30, 2023
ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်သည် ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ နယ်မြေခံရေတပ်စခန်းဌာနချုပ်မှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် နယ်မြေခံတပ်ဌာနချုပ်များအား လှည့်လည်ကြည့်ရှုပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြားသည်။ ထို့နောက် ပြန်လည်ထူထောင်ရေးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရေးတာဝန် ထမ်းဆောင်နေသော စစ်ရေယာဉ်မှူးများအားတွေ့ဆုံပြီး ပစ္စည်းများ အချိန်မီရောက်ရှိရေး၊ စနစ်တကျ သယ်ယူပို့ဆောင်ရေးနှင့် အမြန်ဖြန့်ခွဲရေးတို့အတွက် လိုအပ်သည်များ မှာကြားသည်။
May 30, 2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ရုံးများသို့ သွားရောက်စစ်ဆေးကာ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
May 30, 2023
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ရှိ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဓာတ်အားခွဲရုံမှူးများ၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၅) တည်ဆောက်ရေးမှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံသည်။
May 30, 2023
နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြည်တွင်းခရီးစဉ်တွင် လိုက်ပါလာသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ သစ်တောဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဝန်ကြီးဌာနအောက်ရှိ သစ်တောကဏ္ဍ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ၊ သတ္တုရေးရာကဏ္ဍမှ ပြည်နယ်အဆင့်၊ ခရိုင်အဆင့် တာဝန်ခံများနှင့် တွေ့ဆုံသည်။
May 30, 2023
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
May 30, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ကူညီကယ်ဆယ် ရေးလုပ်ငန်းများတွင် အသုံးပြုမည့် သစ်ပင်ဖြတ်စက်များ၊ သံဖြတ်စက်များနှင့် စွမ်းအားမြင့် ဟိုက်ဒရောလစ် ဖြတ်စက်များ လက်တွေ့အသုံးချ သရုပ်ပြသမှုကိုကြည့်ရှုပြီး ချို့ယွင်းပျက်စီး တာဝါတိုင်များအား ၎င်းဖြတ်စက်များအသုံးပြု၍ ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းများကို အမြန်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
May 30, 2023
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှတ်ပုံတင်ခွင့်ရရှိပြီးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေတောင်ကြား (၁) ရပ်ကွက် အောင်ဇေယျလမ်း အမှတ် (၂၄) တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဌာနချုပ်သို့ ယနေ့နံနက် ၈ နာရီတွင် သွားရောက်၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်စစ်ဆေးရာ ပါတီဥက္ကဋ္ဌ ဦးဟန်ရွှေနှင့် ပါတီအဖွဲ့ဝင်များက ရှင်းလင်းတင်ပြကြသည်။
May 30, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Sholban Kara-Ool ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ လက်ခံ တွေ့ဆုံသည်။
May 30, 2023
၁။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး သက်တော်(၉၄)နှစ်၊ သိက္ခာတော် (၇၄) ဝါသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ၂ဝ၂၃ ခုနှစ်၊ မေလ ၂၅ ရက်၊ (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်းတိုက်၌ ပူဇော်ထားရှိပါသဖြင့် ရဟန်းရှင်လူပြည်သူအပေါင်းတို့ လာရောက်ဖူးမြော်ကြည်ညိုနိုင်ပါသည်။
May 30, 2023
မြန်မာ(နေပြည်တော်) - တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကြီးကို မေလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် လေးရက်ကြာကျင်းပခဲ့ရာ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ ကုန်စည်ပြပွဲတွင် နှစ်နိုင်ငံထုတ်ကုန်ပစ္စည်းအမျိုးမျိုးကို ပြသခဲ့ကြသည့်အနက် လျှပ်စစ်ယာဉ်နှင့်ပတ်သက်၍ အထူးစိတ်ဝင်စားကြသည်ကိုတွေ့ရသည်။
May 30, 2023
နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံသူ နိုင်ငံသားတို့၏ ကျန်းမာကြံ့ခိုင်မှု၊ ပညာအရည်အချင်း မြင့်မားမှုတို့က အရေးကြီးသည်။ နိုင်ငံသူ နိုင်ငံသားတို့ ရောဂါကင်းဝေး ကျန်းမာရေးကောင်းမွန်စေရန်မှာလည်း တစ်ဦးချင်းစီ၌ ကျန်းမာရေးအသိသုတတို့ ပြည့်ဝနေစေဖို့လိုသည်။ ကြိုတင်ကာကွယ်ခြင်း နည်းလမ်းအားဖြင့် ရောဂါဖြစ်ပွားမှုများကို ရှောင်ရှားကာ ကျန်းမာရေးကို ထိန်းသိမ်းထားနိုင်ခြင်းက ‘‘ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုသည့်အတိုင်း မိမိတို့ တစ်ဦးချင်းစီအတွက် အကျိုးဖြစ်ထွန်းနိုင်သကဲ့သို့ နိုင်ငံအနေဖြင့်လည်း ကျန်းမာရေးဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်မည်ဖြစ်သည်။
