နေပြည်တော် ဇူလိုင် ၆
၂၀၂၃ ခုနှစ်၊ ဥပဒေရေးရာဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက် ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သတ်မှတ်နေရာများ၌ ကျင်းပသည်။
ဦးစွာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူမျာနှင့်အတူ ငါးသားပေါက် ကောင်ရေ ၃၀၀၀ ကို ရုံးအဝင်လမ်းရှိ တစ်ဖက်ပိတ်ဆည်အတွင်း ငါးမျိုးစိုက်ထည့်ပေးကြသည်။
ထို့နောက် သစ်ပင်စိုက်ပျိုးပွဲ ဆက်လက်ကျင်းပရာ သတ်မှတ်နေရာ၌ ပြည်ထောင်စုဝန်ကြီးက ကံ့ကော်ပင်ကို စိုက်ပျိုးပေးပြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ကံ့ကော်၊ ခရေ၊ သပြေ၊ ကျွန်း၊ ငု၊ ပျဉ်းမနှင့် တပေဘူတပင်တို့ကို သတ်မှတ်မြေနေရာများ၌ စိုက်ပျိုးပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်သည် သစ်ပင်စိုက်ပျိုးပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း၊ စုစုပေါင်းသစ်ပင် ၁၄၀ ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်