Skip to main content

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နေပြည်တော် ဇူလိုင် ၅

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ ဒက္ခိဏသီရိခရိုင် နေပြည်တော်ဟိုတယ်ဇုန်အတွင်းရှိ နေပြည်တော် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းရုံးနေရာ၌ ကျင်းပသည်။

ဦးစွာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်က သတ်မှတ် နေရာတွင် ရေတမာပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ၊ နေပြည်တော် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက သတ်မှတ်နေရာများ၌ အာသောက၊ ထိုင်ဝမ်ဗာဒံ၊ ခရေ၊ ကံ့ကော်၊ ကျွန်း၊ စိန်ပန်းပင်များကို စိုက်ပျိုးပေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျိုးပင်များစိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးသည်။

ယခုစိုက်ပျိုးပွဲတွင် ရေတမာ၊ အာသောက၊ ထိုင်ဝမ်ဗာဒံ၊ ခရေ၊ ကံ့ကော်၊ ကျွန်း၊ စိန်ပန်းပင်စသော အရိပ်ရ လေကာပင်၊ ပန်းအလှပင်စသည့် စုစုပေါင်းပျိုးပင် ၅၀၀ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်