Jan 18, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၅ ရက် မွန်းလွဲပိုင်းက ကယားပြည်နယ်လွိုင်ကော်မြို့ရှိ လျှပ်စစ်ဓာတ်အားခွဲရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် Line Fault နှင့် Line Losses လျော့နည်းကျဆင်းရေးအလေးထားဆောင်ရွက်ရန် မှာကြားသည်။
Jan 18, 2023
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 18, 2023
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည့် ဇန်နဝါရီ ၁၅ ရက်နံနက်ပိုင်းတွင် မိုင်းပန်မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
Jan 18, 2023
ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေကျေးရွာများမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၄)ရေတပ် ဗောတံတားမှထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင်နှုတ်ဆက်ကြသည်။
Jan 18, 2023
ဧရာဝတီတိုင်းဒေသကြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေကျေးရွာများမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၄)ရေတပ် ဗောတံတားမှထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင်နှုတ်ဆက်ကြသည်။
Jan 18, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jan 18, 2023
SIM Card များမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပေးကြောညာချက်
Jan 18, 2023
ကမ္ဘာပေါ်တွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိသည့်အနက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၉၁ နိုင်ငံတွင် ရွေးကောက်ပွဲဖြင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေကြသည်။ ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ်ဖြင့်လျှောက်လှမ်းနေသော နိုင်ငံများတွင် ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေသောနိုင်ငံပေါင်းမှာ ၂၈ နိုင်ငံခန့်ရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်လျှောက်လှမ်းလျက်ရှိသည်။
Jan 18, 2023
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေပြု စီးပွားရေးအဓိကနိုင်ငံတစ်နိုင်ငံဖြစ်ပြီး စပါး၊ ပဲ၊ ပြောင်း တို့သာမက အခြားသော သီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံအမျိုးအမည်များစွာ စိုက်ပျိုးထုတ်လုပ်နိုင်သည့် နိုင်ငံဖြစ်သည်။ သို့ရာတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် မိရိုးဖလာနှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထုတ်လုပ်သူများကအများစုဖြစ်ပြီး ရင်းနှီးမြှုပ်နှံဝင်ရောက်လုပ်ကိုင်မှုနည်းပါးသည့်အတွက် နည်းပညာအရ၊ ထုတ်လုပ်နိုင်မှုပမာဏနှင့် အရည်အသွေးအရ၊ ဈေးကွက်အရ အိမ်နီးချင်းနိုင်ငံများကို ယှဉ်ပြိုင်နိုင်စွမ်းနိမ့်ကျလျက်ရှိသည်။
Jan 17, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jan 17, 2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၌ အကြမ်းဖက်သမားများက သပြေညွန့် - မုတ္တိမြောင် - ဇင်းတိုင်ကျေးရွာများသို့ဆက်သွယ်ထားသည့် ယောက်တဝချောင်းကူးတံတားအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သည်။
Jan 17, 2023
ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိကကျသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ နိုင်ငံတစ်ဝှမ်းတွင် အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
Jan 17, 2023
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင်ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များကို တစ်ဦးချင်းချီးမြှင့်အပ်နှင်းခဲ့သည်။
Jan 17, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၆-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၇-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၆၅၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၁၈) ရာခိုင်နှုန်း ဖြစ်ပါသည်။
Jan 17, 2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း B ရုံတွင် ကျင်းပသည်။
Jan 17, 2023
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက လားရှိုးမြို့အတွင်း လူဦးရေစာရင်းမှန်ကန်ရေးအတွက် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Jan 17, 2023
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ဂုဏ်ပြုယာဉ်၊ ပြခန်းတို့၌ ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများနှင့် အားကစားပြိုင်ပွဲဆုရသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
Jan 17, 2023
ဥပဒေဘာသာပြန်ကော်မရှင်၊ လုပ်ငန်းကော်မတီနှင့် လုပ်ငန်းအဖွဲ့ငယ်များ၏ (၁၂)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 17, 2023
မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် (၁၉) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် (ရုံးချုပ်) သီရိရတနာခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ တက်ရောက်သည်။
Jan 17, 2023
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “PDF အမည်ခံ အကြမ်းဖက်သမားများက ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာအတွင်းသို့ Drop Bomb များ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်သုံးဦး အပါအဝင် အပြစ်မဲ့ပြည်သူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိ” ခေါင်းစဉ်ဖြင့် ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက် ပေးသွားမည်ဖြစ်သည်။