Skip to main content

Jan 20, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၉-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၀-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၄၂၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၆)ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၁၈) ရာခိုင်နှုန်းရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2023

နည်းဥပဒေ၊ ညွှန်ကြားချက်များ နှင့်အညီ လမ်းညွှန်းများ၊ လမ်း အမှတ်အသားများနှင့် အချက် ပြများ တစ်ပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ဗဟိုကြီးကြပ် ရေးအဖွဲ့ဝင်များလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ ရေးဆွဲစိုက်ထူဆောင်ရွက် ထားရှိမှုများ၊ ယာဉ်တိုက်မှုအဖြစ်များသည့် လမ်းပိုင်းများ၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် လမ်းဦးစီးဌာနက ပြုပြင်ဆောင်ရွက်ထားရှိ မှုများ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက Road Safety Audit ဆောင်ရွက်ပြီးစီးမှုနှင့် သုံးသပ်အကြံပြုချက်များကို ကွင်းဆင်းစစ်ဆေး ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2023

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေကို တရုတ်နိုင်ငံမှငွေကြေးထည့်ဝင် ထူထောင်ပြီးကတည်းက မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို ကူညီပံ့ပိုး၍ စီမံကိန်း ၃၀ ကျော်ကို ဖော်ဆောင်ခဲ့ကြောင်း နေပြည်တော်၌ ဇန်နဝါရီ ၁၃ ရက်က ကျင်းပသည့် လန်ချန်း-မဲခေါင်စီမံကိန်းများ စတင်ခြင်းအခမ်းအနားသို့ သံမှူးကြီး Mr. Zheng Zhihong တက်ရောက်စဉ် ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2023

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဘန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ ဖွံ့ဖြိုးမှုပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးရုံး၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. David McLachlan-Karr နှင့်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့်(၁)၏ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာဘူတာမှ ပဲခူးမြို့နယ် ဘုရားကြီးဘူတာအထိ စီမံကိန်းလုပ်ငန်းခွင်နေရာများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2023

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် တရားဥပဒေစိုးမိုးမှုနှင့် ဥပဒေစည်းကမ်းများနှင့်အညီ စီးပွားလုပ်ကိုင်ဆောင်ရွက်မှုသည် အရေးကြီးသည်။ ဥပဒေစည်းကမ်းများကို လိုက်နာမှုမရှိဘဲ တရားမဝင်နည်းလမ်းများဖြင့် စီးပွားလုပ်ကိုင် ဆောင်ရွက်ပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေမည်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတိုင်းတွင် ပြည်သူများသည် ဥပဒေစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြသည်ကိုတွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 20, 2023

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထုတ်ကုန်များကို ကုန်ကြမ်းများအဖြစ် အသုံးပြုပြီး တန်ဖိုး မြှင့်ထုတ်ကုန်များ ထုတ်လုပ်သွားနိုင်ရန်အတွက် ဒေသအသီးသီးတို့တွင် ကြိုးပမ်းဆောင်ရွက်နေကြသည်ကို သတင်းများတွင် တွေ့ရှိရသည်။ နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင် အားဖြစ်သော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် စိုက်ပျိုးမွေးမြူထွက်ကုန်များကို တန်ဖိုးမြှင့် ကုန်ချောများအဖြစ် ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်နေခြင်းက ကျေးလက်နေပြည်သူလူထုကြီး၏ လူမှုစီးပွားဘဝများကို မြင့်မားစေမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 8th High Level Committee Meeting သို့ တက်ရောက်ရန် ရောက်ရှိနေသည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ အား ယနေ့ညပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ Jasmine ဟိုတယ်၌ ညစာစားပွဲဖြင့် ကြိုဆိုဧည့်ခံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီးရှိနယ်မြေခံပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်၏ လေ့ကျင့်ရေးဆောင်ရွက်နေမှုများနှင့် တပ်တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2023

ရွှေတြိဂံဒေသအတွင်းသို့ ဓာတုပစ္စည်းများ နည်းမျိုးစုံဖြင့်ဝင်ရောက်၍ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများမရှိစေရေးအတွက် မြန်မာ-လာအို-ထိုင်း ၃ နိုင်ငံပူးပေါင်း၍ တရားမဝင်သယ်ဆောင်ရောင်းဝယ်မှု၊ တရားဝင်သယ်ဆောင်ရောင်းဝယ်ခွင့်ရယူပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ရာနယ်ပယ်များသို့ တရားမဝင်သယ်ဆောင်မှုတို့ ထိန်းချုပ်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-လွိုင်လင်သွားကားလမ်း၊ (၄)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တောင်ကြီးမှ လွိုင်လင်ဘက်သို့ ဇော်ဌေးအောင် မောင်းနှင်ပြီး အာကာ လိုက်ပါလာသည့် ၂၂ ဘီး တွဲယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် အချိုရည်ကတ်များဖြင့်ဖုံးအုပ်၍ တရားမဝင် သယ်ဆောင်လာသော သံပီပါ(၈၀)လုံးဖြင့်ထည့်လျက် ဓာတုပစ္စည်း Sulfurous Dichloride ၁၂ တန် သိမ်းဆည်းရမိခဲ့ကြောင်း၊

ဆက်လက်ဖတ်ရှုရန်

Jan 19, 2023

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ဗန္ဓုလရပ်ကွက်အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2023

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ အကြမ်းဖက်သမားများက ကျောက်ဖူးကျေးရွာအနီးရှိ ကျောက်ဖူးမီးရထားဘူတာအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2023

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် မြန်မာ-ထိုင်း တပ်မတော် နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 8th High Level Committee Meeting သို့ တက်ရောက်ရန်အတွက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General Chalermphon Srisawasdi ဦးဆောင်သည့် ထိုင်းဘုရင့်တပ်မတော် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းဘုရင့်တပ်မတော် အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်၊ သံတွဲလေဆိပ်သို့ ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၈-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၉-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၁၃၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၈) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၁၆) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2023

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရ ကျောင်းသို့သွားရောက်ပြီး သီလဓမ္မကုန်းသာ တောရကျောင်း ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တကောဝိဒထံ အာရုဏ်ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2023

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ဝန်ကြီးဌာနကိုယ်စားပြုပါဝင်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုနေ့လယ်စာစားပွဲနှင့် ဂုဏ်ပြုမှတ်တမ်းတင်လွှာ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm (၃) သန်း doses နှင့် ဆေးထိုးအပ် (၃)သန်းတို့သည် ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အရေးကြီးပုဂ္ဂိုလ်များ ဧည့်ခန်းမဆောင်၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2023

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစားတစ်ခုပင်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်