Skip to main content

May 30, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန် ပေးထားပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2023

ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးသင့်ပြည်သူများအား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဆေးဝန်ထမ်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ အထူးဆေးအဖွဲ့များ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2023

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်သည် ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ နယ်မြေခံရေတပ်စခန်းဌာနချုပ်မှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် နယ်မြေခံတပ်ဌာနချုပ်များအား လှည့်လည်ကြည့်ရှုပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြားသည်။ ထို့နောက် ပြန်လည်ထူထောင်ရေးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရေးတာဝန် ထမ်းဆောင်နေသော စစ်ရေယာဉ်မှူးများအားတွေ့ဆုံပြီး ပစ္စည်းများ အချိန်မီရောက်ရှိရေး၊ စနစ်တကျ သယ်ယူပို့ဆောင်ရေးနှင့် အမြန်ဖြန့်ခွဲရေးတို့အတွက် လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2023

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ရုံးများသို့ သွားရောက်စစ်ဆေးကာ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2023

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ရှိ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဓာတ်အားခွဲရုံမှူးများ၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၅) တည်ဆောက်ရေးမှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2023

နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြည်တွင်းခရီးစဉ်တွင် လိုက်ပါလာသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ သစ်တောဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဝန်ကြီးဌာနအောက်ရှိ သစ်တောကဏ္ဍ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ၊ သတ္တုရေးရာကဏ္ဍမှ ပြည်နယ်အဆင့်၊ ခရိုင်အဆင့် တာဝန်ခံများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2023

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

May 30, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ကူညီကယ်ဆယ် ရေးလုပ်ငန်းများတွင် အသုံးပြုမည့် သစ်ပင်ဖြတ်စက်များ၊ သံဖြတ်စက်များနှင့် စွမ်းအားမြင့် ဟိုက်ဒရောလစ် ဖြတ်စက်များ လက်တွေ့အသုံးချ သရုပ်ပြသမှုကိုကြည့်ရှုပြီး ချို့ယွင်းပျက်စီး တာဝါတိုင်များအား ၎င်းဖြတ်စက်များအသုံးပြု၍ ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းများကို အမြန်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2023

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှတ်ပုံတင်ခွင့်ရရှိပြီးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေတောင်ကြား (၁) ရပ်ကွက် အောင်ဇေယျလမ်း အမှတ် (၂၄) တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဌာနချုပ်သို့ ယနေ့နံနက် ၈ နာရီတွင် သွားရောက်၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်စစ်ဆေးရာ ပါတီဥက္ကဋ္ဌ ဦးဟန်ရွှေနှင့် ပါတီအဖွဲ့ဝင်များက ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Sholban Kara-Ool ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ လက်ခံ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2023

၁။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး သက်တော်(၉၄)နှစ်၊ သိက္ခာတော် (၇၄) ဝါသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ၂ဝ၂၃ ခုနှစ်၊ မေလ ၂၅ ရက်၊ (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်းတိုက်၌ ပူဇော်ထားရှိပါသဖြင့် ရဟန်းရှင်လူပြည်သူအပေါင်းတို့ လာရောက်ဖူးမြော်ကြည်ညိုနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 30, 2023

မြန်မာ(နေပြည်တော်) - တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကြီးကို မေလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် လေးရက်ကြာကျင်းပခဲ့ရာ စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ ကုန်စည်ပြပွဲတွင် နှစ်နိုင်ငံထုတ်ကုန်ပစ္စည်းအမျိုးမျိုးကို ပြသခဲ့ကြသည့်အနက် လျှပ်စစ်ယာဉ်နှင့်ပတ်သက်၍ အထူးစိတ်ဝင်စားကြသည်ကိုတွေ့ရသည်။‌

ဆက်လက်ဖတ်ရှုရန်

May 30, 2023

နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံသူ နိုင်ငံသားတို့၏ ကျန်းမာကြံ့ခိုင်မှု၊ ပညာအရည်အချင်း မြင့်မားမှုတို့က အရေးကြီးသည်။ နိုင်ငံသူ နိုင်ငံသားတို့ ရောဂါကင်းဝေး ကျန်းမာရေးကောင်းမွန်စေရန်မှာလည်း တစ်ဦးချင်းစီ၌ ကျန်းမာရေးအသိသုတတို့ ပြည့်ဝနေစေဖို့လိုသည်။ ကြိုတင်ကာကွယ်ခြင်း နည်းလမ်းအားဖြင့် ရောဂါဖြစ်ပွားမှုများကို ရှောင်ရှားကာ ကျန်းမာရေးကို ထိန်းသိမ်းထားနိုင်ခြင်းက ‘‘ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုသည့်အတိုင်း မိမိတို့ တစ်ဦးချင်းစီအတွက် အကျိုးဖြစ်ထွန်းနိုင်သကဲ့သို့ နိုင်ငံအနေဖြင့်လည်း ကျန်းမာရေးဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 29, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဟိုပုံးတပ်နယ်ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံမှ နည်းပြအရာရှိများနှင့် သင်တန်းသားများအား အဆိုပါသင်တန်းကျောင်းခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 29, 2023

KNLA တပ်မဟာ(၆)မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် ရေးမြို့မှမော်လမြိုင်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် ၂ စီး အား လက်နက်ငယ်များဖြင့်ပစ်ခတ်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

May 29, 2023

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ ၃၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံခြင်းများကို မေ ၂၃ ရက်နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 29, 2023

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ အောင်ငြိမ်းအေးခန်းမ၌လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်နယ်ခန်းမ၌လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်မြို့ရှိ ဧရာဝတီခန်းမ၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌လည်းကောင်း အသီးသီးပြုလုပ်ကြရာ သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှတိုင်းမှူးများနှင့် တာဝန်ရှိသူများ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 29, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ဟိုပုံးမြို့ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်