နေပြည်တော် နိုဝင်ဘာ ၈
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၆ ရက် နံနက် ၁၀ နာရီခွဲတွင် ပင်လောင်းမြို့နယ် ထိန်ပင်ကျေးရွာအုပ်စု လိန်းလီကျေးရွာအနီးတွင် အုန်းကျော်(ခ)မောင်ကျော် မောင်းနှင်လာသည့် ALPHARD အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၃၉ ဒသမ ၆ ကီလိုကိုလည်းကောင်း၊ ထိုနေ့ ညနေ ၄ နာရီခွဲတွင် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်တွင် မသင်္ကာဖွယ်တွေ့ရှိသူ မဖြူဖြူဝင်း(ခ)မဖြူကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၊ ဘိန်းဖြူ သုည ဒသမ ၀၁ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား
