နေပြည်တော် နိုဝင်ဘာ ၈
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက် ထက်ဝေယံကားဂိတ်၌ မော်တော်ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အဝတ်အထည်မျိုးစုံအထည် ၁၂၀၀၊ Hyundai မော်တော်ယာဉ် ဘေးတံခါးသုံးခု၊ Santoor ဆပ်ပြာခွက် ၇၃၄၄ ခု၊ Roble Zayco ပါပလာခြောက် ၂၂၅၀ ကီလိုဂရမ်၊ Betnovate-Gm Cream အရေပြားလိမ်းဆေးဘူး ၆၄၀၀၊ Bolt ၇၅၀ ကီလိုဂရမ်၊ Fruit Juice ဖျော်ရည်အဆီ ပုလင်း၂၄၀၊ K.DYNARY ဆပ်ပြာဘူး ၁၉၂၀၊ Brand ငှက်သိုက် ဘူး ၁၉၂၀၊ Beatess Candy ချိုချဉ် ၁၅၇၅ ဘူး၊ စောင် (Blanket) ၁၇၀ ကီလိုဂရမ်၊ Diclofenac Sodium & Paracetamol Tablets ဆေးဝါး ၂၄၄၈ ဘူး၊ ယာဉ်အပိုပစ္စည်းဖြစ်သည့် Major Gas Ket အခု ၃၀ နှင့် Vatika ခေါင်းလျှော် ရည်တွဲ ၆၀၈ ဖာအပါအဝင် ကုန်ပစ္စည်း ၁၁၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၂,၉၃၀,၈၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck နှစ်စီးနှင့် စက်မှုဇုန်ထုတ် NIDI Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၉၂,၉၃၀,၈၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၇ ဒသမ ၇၁၄ တန်နှင့် သစ်မာ ၂ ဒသမ ၂၉၉ တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၇၆၄,၅၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မုံရွာမြို့နတ်လူထိပ်ပန်ရပ်ကွက်၌ တရားမဝင်စက်သုံးဆီဒီဇယ်ဆီ(ချက်ဆီ) ဂါလန် ၁၆၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၆၄,၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း၊ မုံရွာမြို့အလုံရပ်ကွက် မုံရွာ-ဘုတလင် ကားလမ်းမကြီးအနီး၌ လိုင်စင်မဲ့ Toyota Noah မော်တော်ယာဉ်တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၀၆၄,၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၇ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့ ကမော့ကစင်ကျေးရွာအနီး၌ မော်တော်ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပန်းသီး ၂၁၆၀ ကီလိုဂရမ်၊ လိမ္မော်သီး ၂၁၇၅၀ ကီလိုဂရမ်၊ လေချူသီး ၄၈၀၀ ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၇၈၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck တစ်စီး၊ Nissan Diesel Truck တစ်စီးနှင့် Hino Profia Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ဘားအံမြို့ အမှတ်(၂)ရပ်ကွက်အတွင်းရှိ ဂိုဒေါင်များနှင့် စတိုးဆိုင်များ၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ပုဇွန်နှစ်ကောင် စားဆီနှစ်လီတာပါ ဘူး ၃၀၀ နှင့် တစ်လီတာပါဘူး ၇၈၀၊ Brand ငှက်သိုက် ၃၈၄ ပုလင်း၊ Dynamite လိမ္မော်ချိုချဉ်ခုနစ်ထုပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၆၆၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၁,၄၄၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၇ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးမြို့နယ် မြို့အဝင်စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၅ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၃၁ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၈,၁၉၉,၃၆၀ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်