Skip to main content

တရားမအထူးအယူခံမှု (၅) မှု စီရင်ချက်ချမှတ်၊ တရားမအထူးအယူခံမှု (၅) မှု ရုံးထိုင်ကြားနာ

နေပြည်တော် ဧပြီ ၂၅

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးကြည်သိန်း၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ ၊ ဦးသောင်းနိုင် တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌  ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၇/၂၀၂၀ (ရန်ကုန်)၊  ၁၈/၂၀၂၀ (ရန်ကုန်)၊ ၁၅/ ၂၀၂၀ (မန္တလေး)၊ ၄/၂၀၂၁ (ဧရာဝတီ) နှင့် ၅ / ၂၀၂၁ (ဧရာဝတီ)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။

ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၉/၂၀၂၁ (ဧရာဝတီ) ၊ ၁၀/၂၀၂၁ (ဧရာဝတီ)၊ ၁၁/၂၀၂၁ (မန္တလေး)၊ ၁၃/၂၀၂၁ (ဧရာဝတီ)နှင့် ၂၇/၂၀၂၁ (ရှမ်း)၊ စုစုပေါင်း တရားမ အထူးအယူခံမှု (၅) မှု တို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ  ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)