ပဲခူး ဧပြီ ၂၄
ပြည်ထောင်စုစိတ်ဓာတ် အစဉ်ထာဝရ ကိန်းအောင်းနေရမည်ဖြစ်သကဲ့သို့ ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားအောင်လည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
ပြောကြားခဲ့ခြင်းဖြစ်
ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့တော်ခန်းမ၌ ကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့(B.Ed) ငါးနှစ်သင်တန်း အမှတ်စဉ်(၉)နှင့် တိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်/ စစ်ကိုင်းသို့) တက်ရောက်မည့် ကျောင်းသား ကျောင်းသူများ လမ်းညွှန်မှုခံယူပွဲ အခမ်းအနားတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပညာရေးသည် နိုင်ငံနှင့်လူမျိုးတို့၏ အသက်ဝိညာဉ်၊ ဖွံ့ဖြိုးမှု၏ အခြေခံအုတ်မြစ်၊ လူ့အဖွဲ့အစည်း တည်ငြိမ်အေးချမ်းမှု၏ ဗဟိုချက်ဖြစ်သည့်အတွက် နိုင်ငံတော်ကို ကျေးဇူးသစ္စာ စောင့်သိကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား သင်တန်းသူများအတွက် ထောက်ပံ့ ငွေများ ပေးအပ်သည်။
တက်ရောက်သင်ကြားသွားမည်
ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့(B.Ed) ငါးနှစ်သင်တန်း အမှတ်စဉ်(၉)သို့ သင်တန်းသား သင်တန်းသူ ၁၂ ဦး၊ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်/ စစ်ကိုင်း)သို့ သင်တန်းသား သင်တန်းသူ ၁၂ ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဟံသာဝတီ ရှေးဟောင်းကျုံး တူးဖော်မှု၊ ရန်ကင်းသာပန်းခြံ အဆင့်မြှင့်တင်နေမှုနှင့် ရှေးဟောင်းသမိုင်းဝင် ဟင်္သာကုန်းစေတီတော်မြတ်ကြီး၊ တောင်ဘက်မုခ် ဓာတ်လှေကား တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်