Skip to main content

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ မြန်မာ့မီးရထား International Hotel Project နှင့် Land Mark Project များကိုကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၅

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် အစည်းအဝေးခန်းမသို့ရောက်ရှိပြီး ဒုတိယဝန်ကြီးဦးအောင်ကျော်ထွန်း၊ ပါမောက္ခချုပ်၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

ရှင်းလင်းတင်ပြ

တွေ့ဆုံစဉ် ပါမောက္ခချုပ်က တက္ကသိုလ်ကသင်ကြားရေးနှင့်စီမံရေးရာကိစ္စရပ်များ၊ တက္ကသိုလ်ပြန်လည်ဖွင့်လှစ်နေမှု၊ ကျောင်းသားကျောင်းသူများ ပြန်လည်တက်ရောက်နေမှုနှင့် တက္ကသိုလ်ဆောက်လုပ်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ခေတ်စနစ်နှင့်အညီရေးဆွဲ

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အသစ်တည်ဆောက်သည့် လုပ်ငန်းများအချိန်မီပြီးစီးရေးနှင့် စံချိန်စံညွှန်းနှင့်အညီဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျအစီအစဉ်ရေးဆွဲဆောင်ရွက်ရန်၊ သင်ရိုးညွှန်းတမ်းများခေတ်စနစ်နှင့်အညီ ရေးဆွဲသင်ကြားရန်နှင့် လိုအပ်သည့်သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းရေးစီမံသွားရန်မှာကြားပြီး စာကြည့်တိုက်တည်ဆောက်ပြီးစီးမှု၊ ဘတ်စကက်ဘောကွင်းတည်ဆောက်ပြီးစီးမှု၊ တက္ကသိုလ်ဘောလုံးကွင်းပြုပြင် မွမ်းမံမှု၊ Recreation Centre၊ ဘွဲ့နှင်းသဘင်ခန်းမ၊ Simulatorခန်း၊ ကျောင်းသား၊ ကျောင်းသူအဆောင်တည်ဆောက်မည့်မြေနေရာနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

စီမံကိန်းဆောင်ရွက်နေမှုများကိုရှင်းလင်း

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်ပန်းဘဲ တန်းမြို့နယ်အမှတ်(၃၇၂)ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ မြန်မာ့မီးရထားပိုင်မြေတွင် BOT စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် International Hotel Project နှင့် Land Mark Project တို့ကို ကြည့်ရှုစစ်ဆေးရာ စီမံကိန်းရှင်းလင်းဆောင်၌ မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူးနှင့် စီမံကိန်းမှတာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် စီမံကိန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ကြည့်ရှုစစ်ဆေး

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည်စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်