ရန်ကုန် မေ ၁၅
မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံကို မေ ၂၁ ရက်နှင့် ၂၂ ရက်များတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်း အမှတ် (၂၂၈) ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ ညီလာခံကျင်းပရန်အတွက် အလှူရှင်များက ငွေလှူဒါန်းကြရာ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) မိသားစုက အလှူငွေကျပ်နှစ်သိန်း၊ ဒေါက်တာမျိုးသန့်တင်၊ ကဗျာဆရာသူရဇော်-ခင် (တိုင်းရင်း မေ)စာပေမောင်နှံမိသားစု၊ပခုက္ကူစာပေဆုရ စာရေးဆရာဆွေဇင်ညွန့်၊ ဒေါ်မီမီကို (အလှရပ်ဝန်း)နှင့် သာကေတမြို့နယ် စာရေးဆရာအသင်းတို့က အလှူငွေကျပ်တစ်သိန်းစီ၊ ကွယ်လွန်သူဦးသန်းလှိုင် (တက္ကသိုလ်သင်္ခ) မိသားစုနှင့် မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ်ငါးသောင်းစီပေးအပ်လှူဒါန်းကြရာ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ အသင်းအတွင်းရေးမှူးဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)နှင့် ဗဟိုအမှုဆောင်ကော်မတီဝင်များက လက်ခံရယူကြကြောင်းသိရသည်။
သတင်းစဉ်