Skip to main content

Dec 02, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့က ရန်ကုန် နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး နိုင်ငံ့တာဝန်ကို ပခုံးပြောင်းထမ်းဆောင်မည့် အနာဂတ်ကြယ်ပွင့်လေးများဖြစ်၍ ခံယူချက်၊ ယုံကြည်ချက်ခိုင်မာရန်၊ စဉ်းစား တွေးခေါ်နိုင်စွမ်းနှင့် အမှားအမှန်ခွဲခြားသုံးသပ်နိုင် စွမ်းများမြင့်မားရန်၊ ကျင့်ဝတ်များကို လေးစား လိုက်နာကြရန်၊ နည်းပညာဆိုင်ရာလေ့လာမှု၊ တီထွင်ဖန်တီးမှုများသည် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် လက်တွေ့ကျကျအကျိုးပြုနိုင်ရေး ဦးတည်ဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 02, 2023

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် Aquarius နည်းပညာကုမ္ပဏီမှ မစ္စတာ ဗလာဒီမာ စတပ်ပါနော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ လက်ခံ တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 01, 2023

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၅/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၁၈)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။ အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 01, 2023

အာဆီယံ-တရုတ် စင်တာမှကြီးမှူး၍ “အာဆီယံပေါင်းစည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတို့အကြား ဒေသတွင်းပို့ဆောင်ဆက်သွယ်မှု တိုးတက်ရေးနှင့် သာယာဝပြောမှုမျှဝေရေး ဖိုရမ်”အစီအစဉ်ကို လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့နှင့် လွန်ပရာဘန်မြို့တို့၌ နိုဝင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိကျင်းပခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်မျိုးထွဋ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်နှင့် ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 01, 2023

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြို့တော်ဝန် ဦးဗိုလ်ဌေးတို့နှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကိုဆက်သွယ်မည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် - ၃) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 01, 2023

လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးတို့အတွက်ရည်ရွယ်ပြီး (၇၆)ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူငယ်နှင့်စာပေအနုပညာ ပွဲတော်ကိုနေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ ပွဲတော်ကျင်းပရေးလုပ်ငန်း ကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Dec 01, 2023

မန္တလာတက္ကသိုလ်(၁၁)နှစ်မြောက် ကျောင်းမွေးနေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါတက္ကသိုလ်ရှိ အမရခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ပါမောက္ခ (ဌာနမှူး) များ၊ သုတေသနစာတမ်းဖတ်ကြားမည့် ဆရာဆရာမများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများတက် ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 30, 2023

နေပြည်တော် ဇေယျာသီရိမြို့နယ် ကြို့ပင်ကျေးရွာတွင် တောင်သူများ ကိုယ်တိုင်ပူးပေါင်းရွေးချယ်သည့် မျိုးစပါးသားဆက်လိုင်းများ ကွင်းဆင်းရွေးချယ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်ခိုင်ဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 30, 2023

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး သင်တန်းသား၊ သင်တန်းသူများ စာသင်ခန်းအတွင်း အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားသင်ယူနေမှုများကို ကြည့်ရှုအားပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 30, 2023

(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ၁နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 30, 2023

အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပုဗ္ဗသီရိမြို့နယ်ရှိ သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်း၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 30, 2023

မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 30, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာအုပ်စု ရွေးစုကျေးရွာသို့ သွားရောက်ပြီး သစ်လွင်လယ်ယာနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသား တောင်သူ ၅၂ ဦး၏ လယ်မြေ ၁၃၁ ဧကတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးခဲ့သော GW-11 စပါးခင်းများနှင့် ဆင်းသုခစပါးခင်းများ ရိတ်သိမ်းခြွေလှေ့နေမှုကို ကြည့်ရှုအားပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 30, 2023

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 30, 2023

မြန်မာနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်နဲ့ မြန်မာ - တရုတ်ရေကြောင်းလုံခြုံရေး လေ့ကျင့်ခန်းဆောင်ရွက်ဖို့ ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ) မှ စစ်ရေယာဉ်သုံးစင်းမှ စစ်သည်များက ဒီနေ့မှာတော့ ရန်ကုန်မြို့အတွင်းမှာ ချစ်ကြည်ရေးခရီးလည်ပတ်ခြင်း၊ သန်လျင်တပ်နယ်မှာတော့ ချစ်ကြည်ရေးဘတ်စကက်ဘောပြိုင်ပွဲကျင်းပပြုလုပ်ခြင်းနဲ့ မြန်မာ့တပ်မတော် (ရေ) မှ အရာရှိများက စစ်ရေးယာဉ်များကို သွားရောက်လေ့လာခြင်း၊ ညစာစားပွဲ တည်ခင်းဧည့်ခံခြင်းလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါတယ်။ နယ်စပ်ဒေသတရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာမှာ မြန်မာနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်နေထိုင်တဲ့ အမျိုးသား ၂၁၁ ဦး၊ အမျိုးသမီး ၅၁ ဦး စုစုပေါင်း ၂၆၂ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိ သူများထံကို လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ အားလုံးလွှဲပြောင်းပေးခဲ့မှု ၁၀၁၇၀ ရှိပြီးဖြစ်ပါတယ်။ နှစ်နိုင်ငံအစိုးရနဲ့ နှစ်နိုင်ငံတပ်မတော်များအနေနဲ့ နီးကပ်စွာ၊ ရင်းနှီးစွာနေထိုင်လျက်ရှိပါတယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ ပြည်ဖျက်မီဒီယာများအနေနဲ့ အမျိုးမျိုးဝေဖန်နေတာတွေရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်နဲ့အညီ နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာ နေထိုင်လာခဲ့တာ ဖြစ်ပါတယ်။ တရုတ် - မြန်မာနှစ်နိုင်ငံဆက်ဆံရေး၊ တပ်မတော်ချင်း ဆက်ဆံရေး၊ ပြည်သူလူထုချင်း ဆက်ဆံရေးဟာ နောင်မှာလည်း ပိုမိုရင်းနှီးချစ်ကြည်နီးကပ်လာမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 30, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vinay Kumar အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 28, 2023

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှီကျန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ အစိုးရဥက္ကဋ္ဌ Mr. YAN JINHAI ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ JASMINE NAYPYITAW ဟိုတယ်၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 28, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် နိုင်ငံတော်၏ အဓိကရိက္ခာအသားကဏ္ဍ ထုတ်လုပ်မှုတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကံသာကျေးရွာရှိ Join Global Myanmar Co.,Ltd. ၏အသားစားမျိုးကြက်အကောင်ရေ ၁၆၀၀၀ မွေးမြူ ၍ အသားစားကြက်မျိုးဥများ ထုတ်လုပ်ဖြန့်ဖြူးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 28, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဌာနပေါင်းစုံဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဦးစီးဌာနများ၊ တက္ကသိုလ်များမှညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ ဌာနတာဝန်ရှိသူများ၊ အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Nov 28, 2023

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းရုံးများသို့သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်