Dec 05, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit –CPU) ၏ တည်မြဲလုပ်ထုံးလုပ်နည်းများ (SOP) ရေးဆွဲရေးနှင့် စပ်လျဉ်းသော ဒုတိယအကြိမ်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့တွင် အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ (CPU) အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးနှင့် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 05, 2023
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းသည် ကုသရေးဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့ ပြည်သူ့ဆေးရုံနှင့် လက်ပံပြားတိုက်နယ်ဆေးရုံတို့သို့ ရောက်ရှိပြီး လူနာများအား အားပေးစကားပြောကြားကာ စမ်းသပ်ကြည့်ရှု၍ ဆေးကုသမှုဆိုင်ရာ အကြံပြုပြီး ဆေးရုံအတွင်း၊ အပြင် လှည့်လည်ကြည့်ရှုကာ မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ တိုက်နယ်ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 05, 2023
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ နေပြည်တော်ဟိုတယ်ဇုန်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ ဆရာဖြစ် (TOT) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တုံဂပူရိဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 05, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုတိုင်း (၁)၊ စက်မှုလုပ်ခွင် သင်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား စက်ယန္တရား သုံးစွဲခြင်းဆိုင်ရာ ကျွမ်းကျင်ထက်မြက်သော စက်ပြင်များနှင့် စနစ်တကျကိုင်တွယ်ထိန်းသိမ်းနိုင်သော စက်မောင်းများ သင်ကြားလေ့ကျင့် မွေးထုတ်ပေးနိုင်ရေးနှင့် လုပ်ငန်းခွင်ကြီးကြပ် သင်တန်းများ၊ စွမ်းဆောင်ရည်မြှင့်မွမ်းမံသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆွေးနွေးမှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 05, 2023
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (International Com-mittee of the Red Cross-ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Elena Ajmone Sessera ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၄၁) ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ၌ လက်ခံတွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 05, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပန္နရသမအကြိမ် (၁၅) ကြိမ်မြောက် ဗုဒ္ဓဂယာမဟာ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နိုဝင်ဘာ ၂၆ ရက်တွင် အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ် ဂယာမြို့ ဗုဒ္ဓဂယာ မြန်မာဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စစ်သံမှူး (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် ဗုဒ္ဓဂယာဘုရားဖူးခရီးသည်များ တက်ရောက်ကြပြီး ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 05, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ပန္နရသမအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 05, 2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 05, 2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 05, 2023
သူရဲကောင်းစစ်သည်များအတွက် ဒသမအကြိမ်မြောက် (၁၀) ကြိမ်မြောက်ပေါ့ အောက်မေ့ဖွယ် ဂါရဝပြုအလေးပြုခြင်းအခမ်းအနားကို မနေ့က နေပြည်တော် သူရဲကောင်းစစ်သည်များဗိမာန်မှာ ပြုလုပ်ခဲ့တယ်။ နိုင်ငံတော်နဲ့ တပ်မတော်ကို ချစ်မြတ်နိုးတဲ့ အဖွဲ့အစည်းတွေ၊ ပြည်သူတွေ၊ စစ်မှုထမ်းဟောင်းတွေ အင်အားများပြားစွာ တက်ရောက်ခဲ့ပါတယ်။ တက်ရောက်ခဲ့တဲ့သူတွေအနေနဲ့ နိုင်ငံတော်ရဲ့တည်တံ့ခိုင်မြဲရေးကို အစဉ်တစိုက်ကာကွယ်ပေးနေတဲ့ တပ်မတော်နဲ့ပတ်သက်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ တပ်မတော်ကို ကိုယ်ရောစိတ်ပါ အားပေးထောက်ခံမှုပြုတာတွေ၊ လိုအပ်လာရင် သူတို့ကိုယ်တိုင် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ကို ထမ်းဆောင်မယ်ဆိုတဲ့ ဆန္ဒပြုချက်တွေ၊ ပြီးရင် တပ်မတော်ဆေးရုံတွေနဲ့ တပ်မတော်နဲ့သက်ဆိုင်တဲ့နေရာတွေမှာ သွားရောက်အမှုထမ်းတာတွေကို စိတ်အားတက်ကြွဖွယ် မြင်ကွင်းအဖြစ် ကျွန်တော်တို့မြင်ခဲ့ရပါတယ်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 04, 2023
အသား၊ ဥ၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှု မြင့်မားတိုးတက်ပြီး ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းစေရန်နှင့် သွင်းကုန်အစားထိုး ထုတ်လုပ်မှုများ ဖွံ့ဖြိုးတိုးတက်စေရေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 04, 2023
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းသည် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် မန္တလေးသို့ရောက်ရှိပြီး ပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာဆရာမများနှင့်တွေ့ဆုံ၍ တက္ကသိုလ်ရှိ သွားနှင့်ခံတွင်းလူနာများ နေ့စဉ်ကုသပေးလျက်ရှိသောဌာနများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 04, 2023
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ်ရှိ အမှတ်(၅)သစ်တောသုတေသန စခန်းမိုးစွေသို့ သွားရောက်၍ ဆောင်းရာသီတောတွင်း လက်တွေ့ကွင်းဆင်းခြင်းဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံသစ်တောကျောင်း ပြင်ဦးလွင်မြို့ အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ်(၁၁၇)မှ သင်တန်းသားများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 04, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)ပရိဝုဏ်၌ သာသနိကအဆောက်အအုံများ ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများနှင့် ဆဋ္ဌသင်္ဂါ ယနာတင်သမိုင်းဝင် မဟာသိမ်တော်ကြီးနှင့်သာသနာရေးဦးစီးဌာန ပုံနှိပ်ထုတ်ဝေရေးဌာနခွဲ ကမ္ဘာအေးစာပုံနှိပ်တိုက်နှင့် ကျမ်းစာအုပ်အရောင်းဆိုင်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 04, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ စက်စက်ယိုရေလွှဲဆည် ထိန်းသိမ်းထားရှိမှုနှင့် စက်စက်ယိုချောင်းတစ်လျှောက် ရေကိုထပ်မံထိန်းသိမ်းသိုလှောင်နိုင်ရေး စီမံဆောင်ရွက်နိုင်ရန် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 04, 2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 04, 2023
နိုင်ငံတော်အတွင်း စပါးခွံလောင်စာသုံး Gasifier များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံများတွင် နည်းပညာများအဆင့်မြှင့်တင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးထိခိုက်မှုမရှိအောင် နည်းစနစ်တကျအသုံးပြုနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းကာ လုပ်ငန်းစဉ်များကိုချမှတ်၍ သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 04, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်းများကို နည်းပညာများ၊ အသိပညာများ မြှင့်တင်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဘာသာရပ်များအလိုက် မွမ်းမံသင်တန်းများကို စဉ်ဆက်မပြတ် စီမံဆောင်ရွက်ပေးလျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့က ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲနှင့် ဗဟိုစိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာပေးဌာနများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 03, 2023
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ ယမန်နေ့က တောင်ငူ-နေပြည်တော် ရထားလမ်းပိုင်းမိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေးအဆင့်မြှင့်တင်ပြုပြင်နေမှု၊ အဆိုပါရထားလမ်းပိုင်းရှိ ဘူတာများ၊ ရထားလမ်းတံတားများအပြင် တောင်ငူဘူတာနှင့် ပျဉ်းမနားဘူတာတို့ရှိ ဝန်ထမ်းနေအိမ်လိုင်းခန်းများနှင့် ဒီဇယ်စက်ခေါင်းပြင်စက်ရုံ (ပျဉ်းမနား) တို့ကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Dec 03, 2023
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဆောက်အအုံ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
