နယ်ရုံးများ၏သတင်းများ

Jun 20,2022
 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အန္တရာယ်အကြောင်းသိကောင်းစရာအသိပညာပေး(Talk Show)ကို ယနေ့ နံနက် ၁၀ နာရီက မြို့ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌ကျင်းပခဲ့သည်။
Jun 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌
Jun 20,2022
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ရသလမ်းဆုံ စာဖတ်ဝိုင်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
Jun 20,2022
ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက  စာအုပ်စာပေ ဝါသနာရှင်များအသင်း Book Club နှင့် ပူးပေါင်း၍ စာရေးဆရာမ အေပရယ်ယုနိုင် (ရွှေတောင် ) ရေးသားထားသော “မမဆိုသောသမီးကြီး” စာအုပ်ဖြင့် မုဒိတာ စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 19,2022
ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲအား ယနေ့ နံနက်(၁၁:၃ဝ) နာရီ အချိန်က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
Jun 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centreခန်းမ၌ ယနေ့ နံနက်၁၀နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။
Jun 19,2022
လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု (Community Centre) ခန်းမ၌  ကျင်းပခဲ့သည်။