အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို  မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ဆောင်ရွက်

လဲချား ဇွန် ၁၉

ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲအား ယနေ့ နံနက်(၁၁:၃ဝ) နာရီ အချိန်က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လဲချားမြို့နယ်ရုံး မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းမြင့်မြင့်ဆွေက ဆေးရောင်ခြယ်ပြိုင်ပွဲ ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသူ/ကျောင်းသားများက သတ်မှတ်စည်းကမ်းများနှင့်အညီ ပြိုင်ပွဲဝင်ကြပြီး ဆုရရှိသည့် ကျောင်းသား/သူများကို ဆုများချီးမြှင့် ပေးခဲ့ပါသည်။

ကျောင်းသား/သူများအား ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်မှာ တီထွင်ကြံဆတတ်သည့် အလေ့အကျင့်များ ရရှိစေရန်၊ အတွေးအခေါ်များ မြှင့်မားတိုးတက်လာစေရန်၊ စာပေဗဟုသုတများ ရှာမှီးတက်စေရန်၊ ဉာဏ်ရည်ဉာဏ်တွေး မြှင့်မားလာစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။

လဲချားမြို့နယ် (ပြန်/ဆက်)