နယ်ရုံးများ၏သတင်းများ

Jun 21,2022
မွန်ပြည်နယ် ပေါင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သော တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများဆွေးနွေးပွဲ Talk Show ကို လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Jun 21,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
Jun 21,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာထုတ်ယူရာ၌ ကိုဗစ်-၁၉ ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအနှင့်အညီ ယနေ့နံနက် ၇ နာရီမှစတင်ကာ စနစ်တကျထုတ်ပေးလျက်ရှိကြောင်းသိရသည်။
Jun 21,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့နေ့လည်ပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show)ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show  ကျင်းပပြုလုပ်ခဲ့သည်။
Jun 21,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲကို “မူးယစ်ဆေးဝါးအန္တရာယ် စု‌ပေါင်းကာကွယ်” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူလေးများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
Jun 21,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် လူသားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိးတိုးတက်ရေးတို့အတွက် ရည်ရွယ်ပြီး ယမန်နေ့မွန်းလွဲ(၂)နာရီခွဲက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။