နယ်ရုံးများ၏သတင်းများ

Jun 19,2022
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ အခမ်းအနားမှူးသင်တန်းကို zoom application ဖြင့်  ဇွန် ( ၁၅ ၊ ၁၆၊ ၁၇)ရက်နေများတွင် ညနေ(၆)နာရီမှ (၈)နာရီအထိ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
Jun 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကို ယနေ့ ၉ နာရီခွဲအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
Jun 18,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club) အဖွဲ့တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့် အလေ့ အကျင့်များရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့်အလေ့အကျင့်များ ရရှိစေရေး၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ စာဖတ်ခြင်းဖြင့် အသိအမြင်ကျယ်စေရန်၊ စာဖတ်ခြင်းဖြင့် အသိအလိမ္မာဉာဏ်ပညာကြီးမြင့်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ မကောင်းတဲ့စိတ်တွေ ရှောင်ပြီး ကောင်းတဲ့စိတ်တွေဆောင်ခြင်းဖြင့် လူတိုင်းချစ်ခင်နှစ်သက်တဲ့စိတ်ကောင်းရှိစေရန်၊ လူတော်လူကောင်းများဖြစ်အောင် ကြိုးစားတတ်စေရန်ရည်ရွယ်၍ စာရေးဆရာကြီး လယ်တွင်းသားစောချစ်ရေးသားသည့် ''စကားလက်ဆောင်'' စာအုပ်ဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 18,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍  မြို့နယ်အတွင်းရှိ  စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်ကာ စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားထားသည် “လူငယ်နဲ့အခွင့်အလမ်း”စာအုပ်ကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့ သည်။
Jun 18,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီက တက္ကသိုလ်အဆင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင်ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
Jun 18,2022
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ် သင်ကြားလျက်ရှိသော ကွန်ပျူတာအခြေခံသင်တန်း (အခမဲ့)တွင် တက်ရောက်လျက်ရှိသော သင်တန်းသား၊ သင်တန်းသူ လူငယ်များ အသိပညာတိုးပွားရေးအတွက် အိုင်တီနည်းပညာအကြောင်းနှင့် ကွန်ပျူတာတစ်လုံးနှင့် ပက်သက်သည့် ပါဝင်ပစ္စည်းများအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ် ပြန်/ဆက်နှင့် ရေနံ့သာ ဖိုက်ဘာအင်တာနက် တို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jun 18,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်လင်ခရိုင်ရုံး၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် လွိုင်ခမ်းအမျိုးသမီးအဖွဲ့တို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါရုံး Community Centre ခန်းမ၌ပြုလုပ်ရာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်လှိုင်းဝေ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
Jun 18,2022
ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre)ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့(အကြို)စာစီစာကုံးပြိုင်ပွဲကိုယမန်နေ့နေ့လည်ပိုင်းက ကျင်းပပြုလုပ်သည်။