မိုင်းရှူးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီဆွဲ ပြိုင်ပွဲကျင်းပ

မိုင်းရှူး ဇွန် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centreခန်းမ၌ ယနေ့ နံနက်၁၀နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်‌လေးလေးယုက ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်လာစေရန်၊ မည့်သည့်ပြိုင်ပွဲမဆို ပါဝင်ယှဉ်ပြိုင်သည့်အ‌လေ့အကျင့်ရှိရန်၊ စာကြည့်တိုက်သို့ ကလေးငယ်များ အမြဲဝင်ထွက်သွားလာပြီး စာအုပ်နှင့်စာစောင်များ ဖတ်ရှုတတ်စေရန် နှင့်မူးယစ်ဆေးနှင့် ပတ်သက်သည့်အကြောင်းအရာများ  ဟော‌ပြောခဲ့သည်။

ထို့နောက် မူလတန်းနှင့် အလယ်တန်း‌အဆင့် ကျောင်းသား၊ ကျောင်းသူ(၂၅)ဦးတို့က စိတ်ကြိုက် ပန်းချီဆွဲပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား ဆုများချီးမြှင့်ကာ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ကျောင်းသား၊ ကျောင်းသူများကို ဗလာစာအုပ်၊ မုန့်နှင့် အချိုရည်များ ဝေငှ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အကြောင်းအရာများ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများ ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။

သန်းလူ (ပြန်/ဆက်)