မေတ္တာ ဇွန် ၁၉
မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့ ညနေပိုင်းက မေတ္တာမြို့ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ( ရုပ်သံကျွမ်းကျင်-၃) ဒေါ်အေးအေးချိုက "မျောက်ကျောက်ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ" အကြောင်းကို (Book Club)အသင်းနှင့် (Youth Club)အသင်းမှ လူငယ်များအားမျောက်ကျောက်ရောဂါ မဖြစ်ခင်ကာကွယ်ရမည့် အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ကြဉ်ဖွယ်ခေါင်းစဉ်ဖြင့် မူးယစ်ဆေးနှင့် စိတ်ကြွရှုးသွပ်ဆေး၏ အဓိပ္ပါယ်များ၊ မူးယစ် ဆေးသုံးစွဲခြင်း၊ မူးယစ်ဆေးဝါးရဲ့သုံးစွဲခြင်းကြောင့် ဖြစ်လာနိုင်သည့် ကျန်းမာရေးဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲနေသည့်ပုံများ ရှောင်ရှားကြမယ် မူးယစ်ဆေးဝါးအန္တရာယ်ဆောင်ပုဒ်နှင့် မူးယစ်အသိပညာပေးလက်ကမ်းစာစောင်များကို ဘုတ်ချပ်တွင် ပြသပေးလျက်ရှိရာ(Book Club)အသင်းလူငယ်များနှင့် (Youth Club)အသင်းလူငယ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရှိရသည်။
အေးအေးချို (မေတ္တာ-ပြန်/ဆက်)