Jun 18,2022
မော်လမြိုင်ခရိုင်၌ ပြည်သူများအနေဖြင့် စားသောက်နေထိုင်နိုင်ရေးအတွက် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်ပြီး ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာ၀သယံဇာတများ၏ အရေးပါမှုအကြောင်း အသိပညာပေး(TalkShow)ကို ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။