နယ်ရုံးများ၏သတင်းများ

Jun 21,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် Online စနစ်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အများပြည်သူ အသိပညာပေး (Talk Show) ကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မြောင်းမြမြို့နယ် စာရေးဆရာအသင်းက မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ တတိယအကြိမ် စာပေညီလာခံ အတွေ့အကြုံ ထပ်ဆင့်ရှင်းလင်းပွဲကို ဇွန်လ ၁၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 21,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ်တာဆီးကာကွယ်ရေး အသိပညာပေး TalkShow ဆွေးနွေးပွဲကို ယမန်နေ့ နံနက်၁၁ နာရီ အချိန်တွင် ကျင်းပသည်။
Jun 21,2022
ဧရာတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 20,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ဇွန် ၂၀ ရက် မွန်းလွဲ ၁၂ နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲကို လူငယ်နှင့်မူးယစ်ဆေးဝါ အန္တရာယ်ခေါင်းစဉ်ဖြင့်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
Jun 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် လိုက်နာဆောင်ရွက်ကြစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (BookClub)အဖွဲ့တို့ ပူးပေါင်းပြီး လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Jun 20,2022
ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ကမာရွတ်မြို့နယ်ရှိ အ​ခြေခံပညာအထက်တန်း ကျောင်း အမှတ် (၂) ၌ ဇွန် ၂၀ ရက် နံနက်ပိုင်းက ကျင်းပသည်။
Jun 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည်  ပြည်သူများ စာအုပ်စာပေဖတ်ရှုလေ့လာခြင်းဖြင့်  ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊အမှား နှင့် အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့်စာဖတ်သည့်အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁  နာရီအချိန်ကမီးသတ်ဦးစီးဌာနသို့ Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များ ငှားရမ်းမှုအားကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။