နယ်ရုံးများ၏သတင်းများ

Aug 18,2022
ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကျောင်းသားလူငယ်များ လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Aug 18,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျောင်းသား/ကျောင်းသူများ စာအုပ်၊ စာပေများဖတ်ရှု လေ့လာခြင်းအား ဖြင့်   အသိပညာဗဟုသုတများကြွယ်ဝစေပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရင့်သန်လာစေရန်၊ စာအုပ်စာပေများကို လက်ဝယ်အရောက်အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေကိုပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ယမန်နေ့မွန်းလွဲ(၁)နာရီက ကသဲစု အခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Aug 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ် ၂၈ ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယာဉ်/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်း(၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Aug 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် ပူးပေါင်း၍ စာရေးသူ မှော်ဝန်းသီဟ ရေးသားထားသော “ကျောင်းသူ၊ ကျောင်းသားများအတွက် ကမ္ဘာကျော် ပုဂ္ဂိုလ်များ-၁” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
Aug 17,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်း များကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile သုံးဘီးယာဉ်ဖြင့် ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား စာအုပ်များ ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက အခြေခံပညာမူလတန်းကျောင်း ဇရပ်ကြီးကျေးရွာနှင့် အောက်လက်ပန်ခုံကျေးရွာများသို့ ရွေ့လျားစာကြည့်တိုက်စနစ် Mobile Library သုံးဘီးယာဉ်ဖြင့် ကွင်းဆင်း၍ သုတရသစာအုပ်များအား အခမဲ့ငှားရမ်းခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်များပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်းများ ပြုလုပ်ပေးခဲ့သည်။
Aug 17,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များအကြောင်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ကမမောင်းမြို့ အမှတ်(၁)အခြေခံပညာအလယ်တန်း ကျောင်း၌ ကျင်းပခဲ့သည်။
Aug 17,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသား သည့် “ လောကဇာတ်ခုံ ပေါ်မှာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့သည်။