ဒဂုံအရှေ့ သြဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ် ၂၈ ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယာဉ်/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်း(၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ် ၂၈ ယာဉ်ထိန်းရဲတပ်ဖွဲ့စု တပ်ဖွဲ့စုမူး ဒုတိယရဲမူး မြစန်းဌေးယာဉ်/လမ်းစည်းကမ်းအန္တရာယ် သတိပေးလမ်းညွှန်ချက်များ၊ တားမြစ်ခြင်းနှင့် ကန့်သတ်ခြင်းလမ်းညွှန်ချက်များ၊ မော်တော်ယာဉ်မောင်းနေ့စဉ် လိုက်နာရမည့်အချက်များနှင့် မော်တော်ယာဉ် မောင်းနှင်သူ သည်မီးဖွင့်မောင်းရာတွင် လိုက်နာရမည့်အချက်များ မော်တော်ယာဉ်မောင်းနှင်ရာတွင် မိမိရှေ့ကယာဉ်ကို လုံးဝကျော်တက်ခြင်း မပြုရသည့် နေရာများနှင့်ပတ်သက်၍ သိရှိလိုက်နာရန်အချက်များစသည့်တို့ကို ဟောပြောခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းအိမွန်က စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် “စာတတ်သူတိုင်းစာဖတ်ကြပါ ”ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ပြသထားရှိသော သဘာဘေးအန္တရာယ်နံရံကပ်၊ ကျန်းမာရေးအသိပညာပေး နံရံကပ်၊ လူကုန်ကူးခြင်းဆိုင်ရာ အသိပညာပေးနံရံကပ်ပြသခြင်းများ၊ စာအုပ်များ ခင်းကျင်းပြသခြင်းနှင့် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ် ၂၈ ယာဉ်ထိန်းရဲတပ်ဖွဲ့စု တပ်ဖွဲ့ဝင်များမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးသရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များအား တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)