နယ်ရုံးများ၏သတင်းများ

Aug 19,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် Woman Club အဖွဲ့ ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီ က စာရေးဆရာလူထုစိန်ဝင်း၏ "လူကြီးလူငယ်ကွာဟမှု "စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့ပူးပေါင်း၍ သမဝါယမအကြောင်းအသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 19,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်များ၊ ဒေသခံပြည်သူများ၊ စာအုပ်စာပေဖတ်ရှုသည့် အလေ့အထ ကောင်းများ ပေါ်ပေါက်လာစေပြီး ဘဝတစ်သက်တာသင်ယူမှု၊ လွတ်လပ်စွာ ဆုံးဖြတ်ချက်ချမှုနှင့် လူမှုအဖွဲ့အစည်းများ၏ ယဉ်ကျေးမှုဆိုင်ရာ များ တိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော် ယာဉ်ဖြင့် အခြေခံပညာကျောင်းများ၊ သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များရှိ စာဖတ်သူများလက်ဝယ် အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းတွင် အ-ထ-က(၃)၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနများသို့ စာအုပ်စာစောင် များ (၂၆၂)အုပ်အား အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Aug 19,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီအချိန်က ကမမောင်းမြို့ အမှတ် ၃ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။
Aug 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးငယ်များအနေဖြင့် ကာယ၊ ဉာဏ်ဏ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီရေးဆွဲခြင်းကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့် တိုက် ကလေးစာဖတ်ခန်း၌ ဆောင်ရွက်ခဲ့သည်။
Aug 19,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4 ၊ B.5 ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုကို ယနေ့နံနက်ပိုင်းက ကျိုက်ဒုံမြို့ အမှတ် ၃ ရပ်ကွက်၌ ဆောင်ရွက်ခဲ့သည်။
Aug 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများနှင့် (Book Club) အဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက စာရေးဆရာ မောင်ရင့်ကျူး(မြောင်းမြ) ရေးသားထားသည့် “စောင့်လေမျိုးနွယ်နှင့် အမျိုးသားယဉ်ကျေးမှုဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။