နယ်ရုံးများ၏သတင်းများ

Aug 18,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာစိုးသူ(KPZ) ရေးသားထားသည့် လူငယ်နှင့် ပိုမိုလှပသော မနက်ဖြန်များဆီသို့စာအုပ်အား ယနေ့မွန်းလွဲ(၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 18,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇ​ပြောင်း ကိုဗစ်-၁၉ ​ရောဂါ ကြိုတင်ကာကွယ် သတိပြုနိုင်ကြ​စေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး အကြိမ်ပြည့်ထိုးနှံ​ရေးအတွက် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူမှု​ဝန်ထမ်းဦးစီးဌာနနှင့်​ စေတနာ့ဝန်ထမ်းများက ယ​နေ့နံနက်(၁၀)နာရီက ​တောင်ပိုင်းရပ်ကွက်၌ အသိပညာ​ပေးနှိုး​ဆော်ခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Aug 18,2022
ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၃၁) အခြေခံပညာ အထက်တန်းကျောင်းရှိ အောင်မေတ္တာခန်းမတွင် ပြုလုပ်ခဲ့သည်။
Aug 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် လူငယ်များအနေဖြင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိလာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (Book Club အသင်း)တို့ ပူးပေါင်း၍ စာရေးဆရာ ခင်မောင်အေး ရေးသားသည့် “လူရယ်လို့ဖြစ်လာလျှင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဘောဂလိမြို့ ပြည်သူ့စာကြည့်တိုက်၌ ဆောင်ရွက်ခဲ့သည်။
Aug 18,2022
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်(၁၁)နာရီက ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ခဲ့သည်။
Aug 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူ များ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအား ဖြင့်တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတ များကိုအသုံးချ၍ တန်ဖိုးရှိသောလူမှု့ဘဝများဖြစ်လာစေရန်၊ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက်(၁ဝ) နာရီက ပြည်သူ့ စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။
Aug 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/သူများအား ပုံပြောပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့ ညနေ(၃)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 18,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့မအရှေ့ရပ်ကွက်ရှိ ကျီတော်ကုန်းကျောင်း၌ စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။