ကမမောင်းမြို့၌ ကျောင်းသားလူငယ်များ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ကမမောင်း ဩဂုတ် ၁၈

ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကျောင်းသားလူငယ်များ လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ကမမောင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ (အင်အားပြ)ဒေါ်တင်တင်လှက ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး အားကစားလှုပ်ရှားမှုဆိုင်ရာ     ကစားနည်းပြိုင်ပွဲများတွင် အိမ်ဆောက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ရာ ကျောင်းသား/ကျောင်းသူ(၆) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကို တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

တင်တင်လှ(ကမမောင်း)