နယ်ရုံးများ၏သတင်းများ

Aug 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၁) နာရီအချိန်က ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် စာအုပ်စာစောင်ပြပွဲနှင့် အရုပ် ဆက် ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 15,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့်ညောင်ဦး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညောင်ဦးမြို့နယ်အတွင်း အခြေခံပညာကျောင်းများသို့ ယနေ့မွန်းလွဲ ၂ နာရီအချိန်က နယ်လှည့်ကွင်းဆင်းဟော ပြောပွဲအား ညောင်ဦးမြို့၊ အခြေခံ ပညာအထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာခန်းမ၌ ဟောပြောဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 15,2022
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စာပေဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများရရှိစေပြီး အမှား၊ အမှန်၊ ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ပြည်သူများ လက်ဝယ်အရောက် ငှားရမ်းပေးလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဒေါ်စန္ဒာအေးအောင်(ဒုတိယဦးစီးမှူး)နှင့် ဒေါ်နှင်းအိအိခိုင် (စာကြည့်တိုက်လက်ထောက်-၃)တို့က ယနေ့မွန်းလွဲ (၁)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင်  နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 15,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌‌အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ရုပ်ပုံပြပုံပြင်ပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်များကို ယနေ့နံနက်(၁ဝ)နာရီခွဲအချိန်က ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။
Aug 15,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၁၀နာရီက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show)ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Aug 15,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ၊ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ(၂)နာရီက ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Aug 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေဖတ်ရှုလေ့လာမှုဖြင့် လူသားတိုင်းကို ကောင်းကျိုးပြုနိုင်ရန်  ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် (Mobile Library)မော်တော်ယာဉ်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းဝန်ဆောင်မှု ပေးခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အ-ထ-က(ခွဲ)အုန်းတပင်၊ အုန်းတပင်စာကြည့်တိုက်နှင့် အ-ထ-က(ခွဲ-၃) ကျောင်းများသို့  အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။