နယ်ရုံးများ၏သတင်းများ

Aug 19,2022
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပလတ်စတစ်စွန့်ပစ်ခြင်းအ​ကြောင်း အသိပညာ‌ပေး(Talk Show)ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။
Aug 19,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ​ပြည်သူများ စာပေကို လက်လှမ်းမီစွာဖတ်ရှုလေ့လာနိုင်စေရန်၊ ​စာဖတ်သည့် အလေ့အထများ ရှိလာစေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝလာပြီး၊ အမှန်နှင့်အမှားကို‌ ဝေဖန်ပိုင်းခြားတတ်‌စေရန်၊ လူငယ်လူရွယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတတ်‌စေရန်ရည်ရွယ်၍၊ ရွေ့လျား‌စာကြည့်တိုက်‌ မော်တော်ယာဉ်ဖြင့် စာအုပ်စာ‌စောင်များအား ပြည်သူများလက်ဝယ်အရောက် သွားရောက် ငှါးရမ်း‌ဆောင်ရွက်ပေးလျက်ရှိရာ၊ ယနေ့ နံနက်ပိုင်းက ခရိုင်နှင့်​ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်မီးသတ်တပ်ဖွဲ့ရုံး သို့သွား‌​ရောက် ငှါးရမ်း‌ ဆောင်ရွက်‌ပေးခဲ့‌ကြောင်း သိရသည်။
Aug 19,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ယနေ့ နံနက်(၁၁) နာရီက Woman Club အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအသင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Aug 19,2022
ပြည်သူများ အသိပညာရရှိစေရန်အတွက် အသိပညာပေးလုပ်ငန်းများကို အပတ်စဉ် လစဉ် တင်ပြ ဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့စာကြည့်တိုက်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများနှင့် အသိပညာပေးTalk Showကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
Aug 19,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှှင့် Book Club အဖွဲ့တို့ ပူးပေါင်း ကျင်းပသည့် လူငယ်နှင့် စာဖတ်ခြင်း အလေ့အကျင့် ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၉)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်ပခဲ့သည်။
Aug 19,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ အသိပညာရရှိစေရန် ရည်ရွယ်၍ မျောက်ကျောက်ရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲကို သြဂုတ်လ ၁၇ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဟောပြောဆောင်ရွက်ခဲ့သည်။
Aug 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် ပြည်သူများအား အိုမီခရွန် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Aug 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/သူများအား ပြိုင်ပွဲများကျင်းပခြင်းကို ယနေ့ နံနက် ၁၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။