ရွှေတောင် သြဂုတ် ၁၇
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဝန်ထမ်းများက အလကချည်မျှင်ကျောင်းတွင် ယနေ့ နံနက်ပိုင်းက စာဖတ်ရှိန်မြင့်မားရေး လှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ကျောင်းသူများအား စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့(SVA)နှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများအနေဖြင့် ကျောင်းသား၊ ကျောင်းသူလေးများ ကိုယ်လက်ကြံခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ပေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က “မိအေးချက်သည့် ဟင်းတစ်ခွက်” စက္ကူပြဇာတ်ပြသပေးပြီးရုပ်သံ (၃)ဒေါ်အေးအေးခိုင်မှ “မောင်ဆင်လမ်းလျှောက် ထွက်ခြင်း”ပုံပြင်စာအုပ်ကိုပြောပြခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ သွေးလွန်တုပ်ကွေး အကြောင်းသိကောင်းစရာ နံရံကပ်စာစောင်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး အထိမ်းအမှတ် နံရံကပ်စာစောင်၊ ရေဘေးလေဘေး အသိပညာပေး နံရံကပ်စာစောင်အားပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း( ပြန်/ ဆက်)