ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဒလ သြဂုတ် ၁၇

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသား သည့် လောကဇာတ်ခုံ ပေါ်မှာစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ  ဒေါ်သီတာဝင်းက စာဖတ်ဝိုင်းများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။  စာပေချစ်မြတ်နိုးသူများ အသင်း (Youth Club) အဖွဲ့ဝင် ကိုမြင့်ဇော်က စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် လောကဇာတ်ခုံပေါ်မှာ စာအုပ်ထဲမှာပါသည့်  “စာပေနှင့် မွေ့လျော်ခေါင်းစဉ်ဖြင့် တက်ရောက်လာသော စာပေဝါသနာရှင်များက အပြန်အလှန် ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်မားစေရန် ရည်ရွယ်၍  ပြည်သူ့စာကြည့်တိုက် Online Page မှတဆင့်  စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်များ ငှားရမ်းပေးခြင် (Talk  Show) နှင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းအပြင် သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိပါသည်။

သီတာဝင်း (ပြန်ဆက်)