စဉ့်ကိုင် ဩဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျောင်းသား/ကျောင်းသူများ စာအုပ်၊ စာပေများဖတ်ရှု လေ့လာခြင်းအား ဖြင့် အသိပညာဗဟုသုတများကြွယ်ဝစေပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရင့်သန်လာစေရန်၊ စာအုပ်စာပေများကို လက်ဝယ်အရောက်အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေကိုပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ယမန်နေ့မွန်းလွဲ(၁)နာရီက ကသဲစု အခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား/ကျောင်း သူများအား အသိပညာဗဟုသုတ ဉာဏ်ရည်ဉာဏ်သွေးများ တိုးတက်မြင့်မားလာစေရန်၊ အချိန်ရှိစဉ်ကာလတွင်ကျောင်း သား/ကျောင်း သူများအနေ ဖြင့် ပညာဖြင့် ဘဝကို တည်ဆောက်ကြရန်၊ အချိန်အားလျှင် စာအုပ်စာပေများကို ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများကို ရှာဖွေစေလိုကြောင်းပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေး အောင်မှကျောင်းသား/ကျောင်းသူများအား စာအုပ်စာစောင်များကို ဖတ်ရှုခြင်းဖြင့် အတွေးအခေါ်များ ရင့်သန်လာစေခြင်း၊ သင်ကြားထားတဲ့ အတန်းပညာများနဲ့ စာပေကရတဲ့ အသိပညာဗဟုသုတတွေနဲ့ ပေါင်းစပ်ပြီးတော့ အသိဉာဏ်များတိုးပွားစေရန်၊ အမှားအမှန်ကို ကောင်းစွာဝေဖန်ပိုင်းခြားနိုင်ခြင်း အစရှိသည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် စာပေဗဟုသုတများ အသိပညာ ဗဟုသုတများရရှိစေမည့် စာအုပ်များအား ငှားရမ်းပေးခြင်း၊ စာဖတ်စွမ်းရည်မြှင့်တင်ပေးခြင်း အနေဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးအေးမိုး(ပြန်/ဆက်)