နယ်ရုံးများ၏သတင်းများ

Aug 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပလပ်စတစ်အန္တရာယ်အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းဆောင်ရွက်မှုကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ဗထူး)၊ နဝရတ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
Aug 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Aug 22,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးငယ်များ ဉာဏစွမ်းရည် မြင့်မားစေရန်အရုပ်ဆက်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Aug 22,2022
ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတရရှိစေရန်၊ အနာဂတ်၏ ခေါင်းဆောင်များဖြစ်လာမည့် ကလေးများရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ အတွေးအခေါ်အယူအဆများ ထက်မြက်လာစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်နှင့် စာပေဖတ်ရှုလေ့လာလိုစိတ် မြင့်မားလာစေရန်
Aug 21,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၏ ဒေသဝမ်းစာစပါးဖူလုံမှုရှိစေရေးအတွက် ဝန်ကြီးချုပ် ဦးမြတ်ကို သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြိတ်မြို့နယ် ကျွဲကူးကျေးရွာရှိ စိုက်ပျိုး ရေးနည်းပညာပြန့်ပွားရေးစင်တာတွင် ဩဂတ် ၁၉ ရက်နေ့က ကျင်းပသည့် စပါးစိုက်တောင်သူများအား တွေ့ဆုံ၍ စျေးနှုန်း ချိုသာစွာဖြင့် ဓါတ်မြေသြဇာ ဖြန့်ဖြူး ပေးခြင်းနှင့် အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်မည့်တောင်သူများအား ထောက်ပံ့ငွေများပေး အပ်ပွဲသို့တက်ရောက်၍ တောင်သူများ၏ အခက်အခဲတင်ပြချက်များအား ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သည်။
Aug 21,2022
ဘားအံမြို့ရှောင်လမ်းနှင့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးတို့ကို ချိတ်ဆက်ပေး ထားသည့် ဖြတ်လမ်းတစ်လမ်းဖြစ်သော မွေးမြူရေးဇုန်အဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၈ နာရီခန့်က လှာကဒေါင်ကျေးရွာအုပ်စုရှိ အဆိုပါလမ်းသစ်မုခ်ဦး၌ ကျင်းပသည်။
Aug 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေပိုင်း)မြို့နယ်တွင် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ သွယ်တန်းထားသော လျှပ်စစ်ဓာတ်တိုင်နှင့် ဓာတ်ကြိုးလိုင်းများ ပေါ်တွင် ထိစပ်နေသော သစ်ပင်သစ်ကိုင်းများခုတ်ထစ်ရှင်း လင်းခြင်းဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်မှအမှတ်(၇)ရပ်ကွက် ကျန်းစစ်သားလမ်းနှင့် မင်းတပ် လမ်း(11KV) အနော်ရထာဖီ ဒါဓာတ်အားလိုင်း ပေါ်ထိစပ်နေသော သစ်ပင်သစ်ကိုင်းများအား ယနေ့နံနက်၉နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Aug 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ငလျင်နှင့် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး Talk Show ရိုက်ကူးဆောင်ရွက်မှု အစီအစဉ်ကို ယမန်နေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။