ဒဂုံမြိုသစ်(အရှေ့ပိုင်း)မြို့နယ်တွင်ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး ဓာတ်ကြိုး လိုင်းများပေါ်ရှိသစ်ပင်၊ သစ်ကိုင်းများရှင်း လင်းခြင်းဆောင်ရွက်

ဒဂုံအရှေ့ ဩဂုတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေပိုင်း)မြို့နယ်တွင် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ သွယ်တန်းထားသော လျှပ်စစ်ဓာတ်တိုင်နှင့် ဓာတ်ကြိုးလိုင်းများ ပေါ်တွင် ထိစပ်နေသော သစ်ပင်သစ်ကိုင်းများခုတ်ထစ်ရှင်း လင်းခြင်းဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်မှအမှတ်(၇)ရပ်ကွက် ကျန်းစစ်သားလမ်းနှင့် မင်းတပ် လမ်း(11KV) အနော်ရထာဖီ ဒါဓာတ်အားလိုင်း ပေါ်ထိစပ်နေသော သစ်ပင်သစ်ကိုင်းများအား ယနေ့နံနက်၉နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထို့သိုပြည်သူ့များအတွက် လျှပ်စစ်အန္တရာယ်ကင်းဝေးရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့်မြို့နယ် လျှပ်စစ်ရုံးမှအင်ဂျင်နီယာ ဦးအောင်ကိုကိုဦးဆောင်၍မြို့နယ် လျှပ်စစ်မှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများမှ လည်းဝိုင်းဝန်း၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ဆက်လက်၍မြို့နယ် အတွင်းရှိရပ်ကွက်၊ ကျေးရွာများသို့ လျှပ်စစ်ဓာတ်တိုင်များ၊ ဓာတ်အားကြိုလိုင်း သွယ်တန်းမှုများ အားလျှပ်စစ်အန္တရာယ်ကင်းဝေး ရေးကွင်းဆင်း ဆောင်ရွက် လျက်ရှိပါကြောင်းဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ကိုကိုထံကသတင်းရရှိသည်။

ဝင်းအိမွန်(ပြန်/ဆက်)