ရပ်စောက် ဩဂုတ် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပလပ်စတစ်အန္တရာယ်အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းဆောင်ရွက်မှုကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ဗထူး)၊ နဝရတ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းက “ပလပ်စတစ်အန္တရာယ် ဝိုင်းဝန်းကာကွယ်” ခေါင်းစဉ်ဖြင့် ပလပ်စတစ်၏ဆိုးကျိုးအန္တရာယ်များ၊ ပလပ်စတစ်အန္တရာယ်ကြောင့် ဖြစ်စေတတ်သောရောဂါများ၊ ပလပ်စတစ်ကို စနစ်တကျသုံးစွဲခြင်းဖြင့် ဆိုးကျိုးအန္တရာယ်များကိုကာကွယ်ရန်၊ ပလပ်စတစ်သုံးစွဲမှုကို လျော့ချရမည့်နည်းလမ်းများ အစရှိသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများက ပလပ်စတစ်အန္တရာယ်များနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးစီးအရာရှိက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများအား ပလပ်စတစ် အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်နှင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ရာ စိတ်ဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)