လှာကဒေါင်ကျေးရွာအုပ်စု မွေးမြူရေးဇုန်အဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

ဘားအံ ဩဂုတ် ၂၁

ဘားအံမြို့ရှောင်လမ်းနှင့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးတို့ကို ချိတ်ဆက်ပေး ထားသည့် ဖြတ်လမ်းတစ်လမ်းဖြစ်သော  မွေးမြူရေးဇုန်အဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၈ နာရီခန့်က လှာကဒေါင်ကျေးရွာအုပ်စုရှိ အဆိုပါလမ်းသစ်မုခ်ဦး၌ ကျင်းပသည်။

လမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုကဲ့သို့ လှာကဒေါင်မွေးမြူ ရေးဇုန်ကို အထောက်အကူဖြစ်စေမည့် ကွန်ကရစ်လမ်းသစ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြည့်စုံပြီး ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကိစ္စရပ်များ အဆင်ပြေချောမွေ့ခြင်း၊ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ခြင်း၊ မွေးမြူရေး ထုတ်ကုန်များ စက်မှုထုတ်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ဈေးကွက်သို့လျင်မြန်စွာ ပို့ဆောင်နိုင်ခြင်း၊ အမျိုးသားပို့ဆောင်ရေးပင်မစီမံကိန်းအား အထောက်အကူဖြစ်စေခြင်း စသည့်အကျိုး ကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆောက်အဦများ ဖြစ်သည့် လမ်း၊တံတားများတည်ဆောက်ရာတွင် အတူတကွပူးပေါင်း ပါဝင်ကူညီပေးကြရန်နှင့် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစောကျော်ဝင်းက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးလက်နေပြည် သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းဖွင့်ပွဲအထိမ်း အမှတ်လက်ဆောင်များ အား လက်ရောက်ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်လာသူများအား ရင်းရင်းနှီး နှီးတွေ့ဆုံနှုတ်ဆက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်၊ သယံဇာတရေး ရာဝန်ကြီး ဦးဇော်ဝင်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးရဲမှူးကြီးခင်ဇော်၊ လူမှုရေးဝန်ကြီးဦးစိုးလွင်တို့က လမ်းသစ် အားဖဲကြိုး ဖြတ်ဖွင့်လှစ်၍ လမ်းအားကြည့်ရှုစစ်ဆေးခဲ့ပြီး ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယနေ့ဖွင့်လှစ်သည့်ကွန်ကရစ်လမ်သစ်ကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အထွေထွေ ပိုလျှံရန်ပုံငွေ ကျပ်(၂၄၄ ဒသမ ၃၀၉)သန်းဖြင့် ဘားအံခရိုင်ကျေး လက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အကျယ် ၁၄ ပေ၊ အရှည် ၄ ဖာလုံ နှင့် Box Culvert (၂)စင်းအား ဆောင်ရွက်ပြီးစီး၍ ယနေ့ဖွင့်ပွဲအခမ်းအနားကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)