မိုင်းပျဉ်း သြဂုတ် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ငလျင်နှင့် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး Talk Show ရိုက်ကူးဆောင်ရွက်မှု အစီအစဉ်ကို ယမန်နေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ငလျင်နှင့် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် ငလျင်ဘေး ဖြစ်ပွားခြင်းနှင့် ဖြစ်ပွားလာပါက ကြိုတင်ကာကွယ် နေထိုင်သွားရမည့် နည်းလမ်းများ၊ မုန်တိုင်းဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ သဘာဝ ဘေးအန္တရာယ် ကြုံတွေ့ခံရပါက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ပေးမှု အခြေအနေများ၊ မိုင်းပျဉ်း မြို့နယ်တွင် သဘာဝ ဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသော အိမ်ထောင်စုများအား ထောက်ပံ့ပေးခဲ့မှု အခြေအနေများ၊ သဘာဝ ဘေးကြုံတွေ့ရပါက ဆက်သွယ် ဆောင်ရွက်ရမည့် နည်းလမ်းများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဦးစီးမှူး ဦးသီဟဇော်က အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ငလျင်နှင့် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေး Talk Show ရိုက်ကူးလွှင့်တင် ဆောင်ရွက်မှု အစီအစဉ်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန We Love Pageတွင် လွှင့်တင်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)