နယ်ရုံးများ၏သတင်းများ

Aug 20,2022
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 20,2022
သထုံခရိုင်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပူးပေါင်း၍ "သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး" (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်း က ဘီးလင်းမြို့နယ်ရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။
Aug 20,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများ အရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယမန်နေ့က မြို့နယ်ရုံးဝန်ထမ်းများက တောင်သာရပ်ကွက်နှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ငှားရမ်း ပေးကြသည်။
Aug 20,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၌၊ ငပလီမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ငပလီမြို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီ အချိန်က ငပလီမြို့ပေါ်ရှိ မိဘပြည်သူများ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ် ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ပေးခဲ့သည်။
Aug 19,2022
ကျောင်းသား လူငယ်များအနေဖြင့် စာပေကိုချစ်မြတ်နိုးပြီး ပျော်ရွှင်ကျန်းမာသော လူငယ်လေးများ ဖြစ်လာစေရန် ရည်ရွယ်၍ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီက ပုလောမြို့နယ် Community Centre ၌ကျင်းပပြုလုပ်ခဲ့သည်။
Aug 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ယနေ့နံနက်(၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၌ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အိမ်ဆောက်ပြိုင်ပွဲနှင့် ပင်ပေါင်ရိုက်ပြိုင်ပွဲတို့ကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Aug 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များအနေဖြင့် အဖိတ်/ဥပုသ်ကျောင်းပိတ်ရက် များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ ပြည်သူ့စာကြည့်တိုက်ကို ယုံကြည်အားကိုးလာရောက်ကာ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် စိတ်အပန်းဖြေပျော်ရွှင်စေရေးအတွက် ပြိုင်ပွဲများ လေ့ကျင့်ပြုလုပ်ပေးလျက်ရှိရာ ယ‌နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းတွင် ကလေးငယ်များ စာဖတ်စွမ်းရည်မြှင့်တင်ရေးအတွက်ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့သည်။
Aug 19,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ (Community Centre) ခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှု့သည့် အလေ့အကျင့်များရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရေးစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ မိဘဆရာများအပေါ် ရိုသေကိုင်းရှိုင်းတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ မြင်းခြံအောင်ကျော်(ခ)သန်းထက်စံ ရေးသားသည့် ကြီးပွားအောင်မြင်အောင်ပန်းကို ဆင်စာအုပ်ဖြင့်ယနေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။