နယ်ရုံးများ၏သတင်းများ

Jul 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်၊ ပုံပြော၊ ဆေးရောင်ခြယ်၊ ပန်းချီပြိုင်ပွဲများနှင့် နံရံကပ် စာစောင်၊ စာအုပ်ပြပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
Jul 18,2022
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
Jul 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ ပျော်ရွှင်နိုင်ပါစေ စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။
Jul 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jul 18,2022
မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက်ပိုင်းက (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို ကျင်းပခဲ့သည်။
Jul 18,2022
ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ကမမောင်းမြို့တွင် ကျောင်းသား/ကျောင်းသူများ ကာယဉာဏဖွံ့ဖြိုးစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍  အားကစားလှုပ်ရှားမှု ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကမ‌မောင်းမြို့လူထုအခြေပြုဗဟိုဌာန  (CommunityCentre) ခန်းမ၌    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 18,2022
ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့သည် ကော့ကရိတ်မြို့နယ်အတွင်းရှိ စာကြည့်တိုက်များအတွက် သုတရသစာအုပ်များ လာရောက်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၈ နာရီချိန်က ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန community centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jul 18,2022
ရှမ်းပြည်နယ်၊ (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဆွေးနွေးပွဲ