မိုင်းယန်းမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်

မိုင်းယန်း ဩဂုတ် ၂၂

ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတရရှိစေရန်၊ အနာဂတ်၏ ခေါင်းဆောင်များဖြစ်လာမည့် ကလေးများရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ အတွေးအခေါ်အယူအဆများ ထက်မြက်လာစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်နှင့် စာပေဖတ်ရှုလေ့လာလိုစိတ် မြင့်မားလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဩဂုတ် ၁၉ ရက် မွန်းလွဲ ၂ နာရီက ဈေးတန်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက လူကုန်ကူးမှုအန္တရာယ်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများအား စာအုပ်စာစောင်များဖတ်ရှုစေပြီး ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို စိတ်ဝင်တစ်စားကြည့်ရှု လေ့လာကြပြီး ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)