နယ်ရုံးများ၏သတင်းများ

Aug 27,2022
စာအုပ်စာစောင်များချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ လစဉ် စဉ်ဆက်မပြတ် ပြုလုပ်ကျင်းပဆောင်ရွက်လျက်ရှိသည့် စာဖတ်ဝိုင်းအား ယမန်‌နေ့ ညနေ ၂ နာရီခွဲ အချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ပြုလုပ်ကျင်းပခဲ့သည်။
Aug 27,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့အထက(၁)ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် ပင်လုံနယ်မြေရဲစခန်းတို့ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Aug 27,2022
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အုတ်ဖိုမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော် မရှင်၏ အသိပညာပေးကဏ္ဍ အများပြည်သူ ထံမှတုံ့ပြန်မှုရယူခြင်းအစီအစဥ်"1111" Public Feedback Programme အစီအစဥ်အရ ယနေ့နံနက်ပိုင်းက အုတ်ဖိုမြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးနှင့်ဝန်ထမ်းများက အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Aug 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊တွံ တေးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေဖတ်ရှုခြင်းအားဖြင့် အထွေထွေဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ တွံတေးမြို့၊ ရွှေဆံတော်ရပ်ကွက်ရှိ အခြေခံပညာမူလတန်း (မူလွန်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲတို့ကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က အဆိုပါ ကျောင်းခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Aug 27,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသည့် ဒေသခံပြည်သူများနှင့် ကျောင်းသား/သူများက အားလပ်ချိန်များတွင် စာအုပ်စာပေများငှားရမ်းဖတ်ရှုခြင်းများပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Aug 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ယာဥ်စည်းကမ်း လမ်းစည်းကမ်း  အသိပညာပေး Talk Show ကို ယမန်နေ့နံနက်  ၁၁ နာရီ အချိန်၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 27,2022
 ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က အခြေခံပညာ မူလတန်းလွန်(စံပြ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
Aug 27,2022
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့  ပူးပေါင်း၍  online မှတဆင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး  အသိပညာပေး Talk Show ကို   သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ ပြု လုပ်ခဲ့ကြောင်း သိရသည်။