အမရပူရ ဩဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာမြင်းခြံကျော်အောင်၏ ကြီးပွားအောင်မြင်အောင် ပန်းကိုဆင်စာအုပ်ကို စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ် ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကြီးပွားအောင်မြင်အောင်ပန်းကို ဆင်စာအုပ်ကိုအမရပူရမြို့မှ စာရေးဆရာဦးမြစိုး (စိုးအမရ)နှင့် ဦးစိန်မောင်သန်းတို့က ဦးဆောင်ဆွေးနွေးခဲ့ကြရာ စာပေဝါသနာရှင်များက အရွယ်သုံးပါးတွင် လုပ်ဆောင်ရမည့်အချက်အလက်များကို မေးမြန်းရာဦးဆောင်ဆွေးနွေးသူ စာရေးဆရာများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)