စဉ့်ကိုင် ဩဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း ၍ ၂၀၂၂ ခုနှစ် စက်တင်ဘာ(၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့်စာဖတ်စွမ်းရည် ပြိုင်ပွဲကိုယနေ့နံနက်(၉)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင်ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်၀င်း၀င်းသန်းက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်း အမှတ် စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒေါ်နွယ်နွယ်စိုး(woman Club)အဖွဲ့၀င်က ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အလယ်တန်းအဆင့်စာဖတ်စွမ်းရည် ပြိုင်ကိုကျင်းပခဲ့ရာ ပြိုင်ပွဲ၀င်(၁၀)ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးပြိုင်ပွဲ၌ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိခဲ့ကြသူများအား တာ၀န်ရှိသူအသီးသီးက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက်အခမ်း အနားသို့ တက်ရောက်လာကြသောမြို့နယ်ပညာရေးဌာနမှ ဆရာမများ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း၀င်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၀င်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၀င်များ၊ Woman Club အဖွဲ့၀င်များ၊ Youth Club အဖွဲ့ ၀င်များ၊ ကျောင်းသားကျောင်းသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)