လှည်းကူးမြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များသွားရောက် ငှားရမ်းပေး

လှည်းကူး  သြဂုတ်  ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ပရိတ်သတ်များအတွက် Mobile Library စနစ်ဖြင့် စာအုပ်/ စာစောင်များငှားရမ်းပေးခြင်းနှင့် ငှားရမ်းထားသောစာအုပ်များ ပြန်လည်သိမ်းဆည်းခြင်းကို ယနေ့နံနက် ၉ နာရီက လှည်းကူးမြို့နယ်တိုင်းရင်းဆေးကုဌာနသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ Mobile Library စနစ်ဖြင့် စာအုပ်/ စာစောင်များငှားရမ်းပေးခြင်းအားဖြင့် စာဖတ်ပရိတ်သက်ပိုမိုတိုးတက်လာခြင်း၊ အသင်းဝင်ပိုမိုတိုးတက်လာခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူစာဖတ်ပရိတ်သတ်များ အလွယ်တကူစာပေဖတ်ရှုလေ့လာနိုင်ခြင်း၊ အားလပ်အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်စေခြင်းစသည့် စာပေဖတ်ရှုလေ့လာခြင်းဖြင့် အတွေးအခေါ်ပိုမိုကောင်းမွန်လာခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်စေရန်ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများသို့ အပတ်စဉ်အလှည့်ကျ စာအုပ်/စာစောင်များကွင်းဆင်း၍ ငှားရမ်းပေးလျက်ရှိကြောင်းသိရှိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)