နယ်ရုံးများ၏သတင်းများ

Jul 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့ နံနက် (၉)နာရီက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show)ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 19,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုးတန်ဖိုးထားသူများ ပိုမို တိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများနှင့် ပူးပေါင်း၍ နမ့်ဆန်မြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လည် (၂) နာရီ အချိန် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 19,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် (၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 18,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/သူများ အာဇာနည်နေ့အကြောင်း သိရှိရှိစေရန်နှင့် စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ယနေ့မွန်းလွဲ (၂) နာရီက ၂၀၂၂ ခုနှစ် ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Jul 18,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် မသန်စွမ်းသူအခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Showကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ ယနေ့ နံနက် ၁၁ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိသည်။
Jul 18,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်း ပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ပုရွက်ဆိတ်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (သစ်လေးလုံး)နှင့် ကျီးအင်းကျေးရွာတို့သို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
Jul 18,2022
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍  ယနေ့ နံနက် ၁၀ နာရီက (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အာဇာနည်နေ့အကြောင်း ဟောပြောပွဲကို မြတ်လေးဆောင်နှင့် ကံ့ကော်ဆောင်ခန်းမ တို့တွင် ပြုလုပ်ခဲ့သည်။
Jul 18,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။