တကောင်း ဩဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ် ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟု သုတတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့် တိုက်သို့ လာရောက်၍ စာအုပ်၊ စာစောင်များ မငှားရမ်းနိုင်သည့် ဝန်ထမ်းများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များကို လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက မီးသတ်ဦးစီးဌာနသို့ သွား ရောက်ငှားရမ်းပေးခဲ့ကြောင့် သိရသည်။
ထိုသို့ငှားရမ်းပေးခြင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်အတွက် သုတစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝတ္ထုစာအုပ်များနှင့် ရုပ်ပြ၊ ပုံပြင်စာအုပ်များ စုံလင်စွာယူဆောင်၍ မိုဘိုင်းစနစ်ဖြင့် စာဖတ်ပရိသတ်၊ စာဖတ်ဝါသနာရှင်များကို သုတ/ရသစာအုပ်များအား လစဉ်လှည့်လည်အခမဲ့ ငှားရမ်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သီရိအောင်(တကောင်း)