စဉ့်ကိုင် စက်တင်ဘာ ၈
သားအိမ်ခေါင်းကင်ဆာသည် အမျိုးသမီးများ၌ အဖြစ်အများဆုံးကင်ဆာဖြစ်သည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် အသက်(၉)နှစ်မှ(၁၀) နှစ်အထိ အမျိုးသမီးငယ်များကို မြို့နယ်အလိုက် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှဦးစီး၍ (ဒုတိယအကြိမ်) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကိုယနေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ကြီးကြပ်(၁) ဦးရဲမင်းနှင့် ကျန်းမာ ရေး၀န်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များက၂၀၁၀ခုနှစ်၊ စက်တင် ဘာလမှ ၂၀၁၁ခုနှစ်၊ သြဂုတ်လအတွင်း မွေးဖွားသောအမျိုးသမီးငယ်(၅၂)ဦး တို့အား (ဒုတိယအကြိမ်) သားအိမ်ခေါင်း ကင်ဆာကာကွယ် ဆေးထိုးနှံပေးခဲ့ပြီး အသက်(၂)နှစ်အောက် ကလေးငယ်များကို ၀မ်းပျက်၀မ်း လျောကာကွယ်ဆေးအပိုဆောင်းတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ရာ ထိုးရန်ကျန်ရှိနေသော ကျေးရွာများရှိ အမျိုးသမီးများကိုလည်း ဆက်လက်ကွင်းဆင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)